



ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စီတာပူမနောကွင်း၌ သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယနေ့ အောက်တိုဘာ ၂၈ ရက်မှစတင်ကာ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို ဒေသတွင်းရှိ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်နယ်အတွင်း တီထွင် ဆန်းသစ်မှုရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များတိုးတက်ထုတ်လုပ်လာနိုင်စေရန်၊ ဒေသထွက်စိုက်ပျိုးမွေးမြူ ရေးထွက်ကုန်များကိုအခြေခံသည့် ထုတ်ကုန်များအား ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲလာနိုင်စေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပွဲတော်၌ မြစ်ကြီးနားတက္ကသိုလ်ပညာရပ်ဆိုင်ရာပြခန်း၊ ဒေသထွက် MSME ထုတ်ကုန်ပြခန်း၊ ကျောက်မျက်ရ တနာပြခန်း၊ စိုက်ပျိုးရေးနှင့် သစ်တောဦးစီးဌာနပြခန်း၊ ဒေသထွက်စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အ ထည်နှင့် ကျောက်စိမ်း၊ ကျောက်မျက်လက်ဝတ်ရတနာအချောထည်အရောင်းပြခန်းစသည့် အခန်းပေါင်း ၆၀ ဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ပွဲတော်အား ယနေ့ အောက်တိုဘာ ၂၈ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ၃ ရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှည ၇ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
