ဇွန်လ ၇ ရက် ညနေပိုင်းအချိန်က ပဒါန်းဒေသ၊ တာဝါတိုင်ကုန်း အနီးဝန်းကျင်တွင် နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းနှင့် အကြမ်းဖက် AA ၆၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ ဆုတ်ခွာသွားခဲ့ရာ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် AA ၃ လောင်း(၂) လက်နက်မျိုးစုံ ၄ လက် – M-22 သေနတ် ၂ လက် – M-23 သေနတ် ၂ လက်(၃) ကျည်အိမ်/ကျည်ဆန်များ(၄) လက်ပစ်ဗုံး ၄ လုံး၊ မိုင်းမျိုးစုံ ၈ လုံး(၅) ၆၀ ဗုံးသီး ၃ လုံး(၆) ဆေးကြွဆေးပြား ၂၄ ပြားတို့အား သိမ်းဆည်းရရှိခဲ့သည်။
