ကရင်ပြည်နယ် BGF တပ်မှူးနှစ်ဦး ရာထူးတိုး ခန့်အပ်ခံရ၊ ဗိုလ်မှူးကြီး စောချစ်သူအပေါ် ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ရဲ့ အဓိက တပ်မှူးနှစ်ဦးကို ဒီနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာပဲ ရာထူးအဆင့်တိုးမြှင့် ခန့်အပ်လိုက်ပါတယ်။

တိုင်းစစ်ဌာနချုပ် ဒေါနရိပ်သာ ဧည့်ခန်းမမှာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားမှာ အမှတ် (၁၀၁၁) နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူး စောစိုးနိုင်ကို ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး အဖြစ် တိုးမြှင့်ခန့်အပ်လိုက်တာပါ။ တစ်ဆက်တည်းမှာပဲ အမှတ် (၁၀၂၂) နယ်ခြားစောင့်တပ်က ဒုတိယတပ်မှူး ဗိုလ်မှူး စောကျော်လင်းဦးကိုလည်း တပ်မှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို တိုင်းမှူး ဗိုလ်ချုပ် သူရဇော်လွင်စိုးနဲ့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင့်သူတို ကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး ခန့်အပ်မိန့်ပေးအပ်ခြင်းနဲ့ အဆင့်တံဆိပ် တပ်ဆင်ပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ အခုလို BGF တပ်မှူးအသစ်တွေကို ရာထူးတိုးမြှင့် ခန့်အပ်လိုက်တဲ့အပေါ် လူမှုကွန်ရက်သုံးစွဲသူတွေနဲ့ နိုင်ငံရေးစောင့်ကြည့်သူ အချိုကြားမှာ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် BGF ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး စောချစ်သူနဲ့ ပတ်သက်ပြီး “သာမယ်ထင်လို ဘက်ပြောင်းသွားတဲ့ သစ္စာဖောက် စောချစ်သူတော့ အဗျင်းခံရတော့မယ် ထင်တယ်” ဆိုတဲ့ ပြောဆိုဝေဖန်သံတွေလည်း အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ပျံ့နှံနေတာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *