မြို့ပြလေထုညစ်ညမ်းမှု – မမြင်ရသော မြို့ပြပြဿနာ

၂၁ ရာစုတွင် ကမ္ဘာတစ်ဝန်း မြို့ပြချဲ့ထွင်လာမှုနှင့်အတူ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ များပြားလာခြင်းနှင့် စွမ်းအင်လိုအပ်ချက်များ အဟုန်မပြတ်မြင့်တက်လာခဲ့သည်။   မြို့ပြများ၏ လျင်မြန်သောတိုးတက်မှုသည် လူနေမှုအဆင့်အတန်းကို မြင့်မားစေသော်လည်း  ဤတိုးတက်မှုများ၏နောက်ကွယ်တွင် လူသားတို့၏ကျန်းမာရေး၊ လူမှုစီးပွားဘဝနှင့်သဘာဝဂေဟစနစ်ကို  […]

ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှာကို ဥရောပကထိတ်လန့်နေလား

ကမ္ဘာကြီးအဆုံးသတ်သွားမယ့်အချိန်ကဘယ်တော့များပါလိမ့်။မာယာလူမျိုးတွေရဲ့ပြက္ခဒိန်မှာက၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ လို့ဆိုပါတယ်။ မကြာသေးခင်က တောင်အာဖရိကမှ တရားဟောဆရာတစ်ဦးက ၂၀၂၆ ခုနှစ် အောက်တိုဘာလ၁၃ ရက်လို့ပြောပြန်ပါတယ်။ အခုတော့ ဥရောပမှာရှိတဲ့ လူတချို့ရဲ့ပြောစကားကိုယုံကြည်မယ်ဆိုရင်မိမိတို့သိရှိထားတဲ့ လူ့ယဉ်ကျေးမှုက နောက်ထပ်ကံကြမ္မာတစ်ခုနဲ့ရင်ဆိုင်ရမယ့်အချိန်က နိုဝင်ဘာလ၁၈ ရက်နဲ့ ၁၉ ရက် ဖြစ်တယ်လို့ပြောရပါလိမ့်မယ်။ ဘာကြောင့် အခုလိုတွေပြောရတာလဲဆိုတော့ နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(APEC) ရဲ့ထိပ်သီးအစည်းအဝေးရှိနေလို့ဖြစ်ပါတယ်။ တရုတ်နိုင်ငံရှန်ဇန်းမြို့မှာကျင်းပသွားမှာပါ။ ဒီအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတဗလာဒီမာပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က သုံးပွင့်ဆိုင်တွေ့ဆုံနိုင်ခြေလည်းရှိနေပါတယ်။ သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်မှာလား၊ မလုပ်ဘူးလားဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ တွေ့ဆုံနိုင်ခြေရှိတယ်ဆိုတဲ့သတင်းနဲ့တင် ဥရောပမှာရှိတဲ့နိုင်ငံတွေအနေနဲ့ ရင်းနှီးပြီးသားအိပ်မက်ဆိုးကြီးတစ်ခုကို ရင်ဆိုင်ရတော့မလိုဖြစ်နေပါတယ်။အဲဒါကတော့ အဲဒီအင်အားကြီးသုံးနိုင်ငံက စားပွဲဝိုင်းမှာထိုင်လိုက်တာနဲ့တစ်ပြိုင်နက် ကမ္ဘာ့နယ်ပယ်များကို သူတို့အချင်းချင်းခွဲဝေသတ်မှတ်လိုက်ကြမယ်ဆိုတဲ့ အိပ်မက်ပါပဲ။ လက်ရှိအခြေအနေကို ၁၉၄၅ခုနှစ် ယော်တာညီလာခံနဲ့နှိုင်းယှဉ်နေကြတာကိုလည်း တွေ့ရပါတယ်။အဲဒီလိုနှိုင်းယှဉ်မယ်ဆိုရင် ရုရှားကယူကရိန်းကိုသိမ်းပိုက်မယ်၊တရုတ်က ထိုင်ဝမ်ကျွန်းကိုအုပ်ချုပ်မယ်၊အမေရိကန်က သူအလိုရှိရာကိုရအောင်ယူလိမ့်မယ်ဆိုပြီးယူဆနေကြတာဖြစ်ပါတယ်။ ဒီအခြေအနေဖြစ်လာမှာကို ဥရောပနိုင်ငံများကစိုးရွံ့ကြောက်လန့်နေကြတာပါ။ဒါပေမဲ့လည်း ဒါဟာ အလွန်အမင်းချဲ့ကားထားတဲ့ခန့်မှန်းချက်တစ်ခုသာဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။ တကယ်လို့ ရုရှား၊ တရုတ်၊အမေရိကန်ခေါင်းဆောင်များကတွေ့ဆုံဖြစ်ခဲ့တယ်ဆိုဦးတော့ သူတို့သုံးဦးစလုံးရဲ့ ကမ္ဘာ့နိုင်ငံရေးရည်မှန်းချက်တွေက မတူညီပါဘူး။ဒါဆိုရင် ဥရောပအနေနဲ့ဘာဖြစ်လို့ကမ္ဘာ့ခေါင်းဆောင်သုံးဦးတွေ့ဆုံမယ့်အခြေအနေကို စိုးရိမ်ကြောက်လန့်နေရတာလဲ။ အဲဒီအတွက်ပေးရမယ့်အဖြေကတော့ သူတို့ရဲ့ဂုဏ်သိက္ခာအတွက်ဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။ ဥရောပနိုင်ငံတွေဆိုတာ နိုင်ငံတကာစနစ်အနာဂတ်နဲ့ပတ်သက်တဲ့ဆွေးနွေးမှုတိုင်းမှာ သူတို့ကမပါမဖြစ်ဆိုတဲ့ပုံစံမျိုး ယူဆထားခဲ့ကြတာပါ။အထူးသဖြင့်  ဥရောပသမဂ္ဂက ကမ္ဘာ့ရေးရာများနဲ့ပတ်သက်လာရင် ဆွေးနွေးဖို့သူ့အတွက်စားပွဲဝိုင်းမှာထိုင်ခုံတစ်လုံးကိုတော့ရလိမ့်မယ်လို့ ယုံကြည်ထားခဲ့တာပါ။ဒါပေမဲ့ အခုလုပ်တဲ့ဆွေးနွေးပွဲက အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု […]

အညာ PDF ဆိုတာ ရေနံတွင်းကို အခြေခံပြီးတော့ ဖြစ်လာတဲ့ PDF ပါ၊ ကချင်ပြည်နယ်မှာဆိုရင်လည်း မြေရှားကြောင့် လက်နက်ကိုင်ကြတာ၊ သယံဇာတရှိတဲ့ နေရာမျိုးမှာ ငွေရှာလို့ရလို့ တိုက်ပွဲတွေ ဖြစ်နေတာ။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )  နိုင်ငံအတွက် အရေးကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီများက ကြားဝင်စေ့စပ်ပေးမည့် […]

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဖိလစ်ပိုင်ဖိတ်ကြားမှုကို မြန်မာအစိုးရငြင်းပယ်

အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြိုမှာ ပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ကို ဖိလစ်ပိုင်နိုင်ငံက ဖိတ်ကြားခဲ့ပေမယ့် မြန်မာအစိုးရ၊ […]

NCA စာချုပ်မှသည် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့

NCA စာချုပ်မှသည် ထာဝရငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ မျက်မှောက်ကာလမှာ နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အဖြစ်ချင်ဆုံးလိုအင်ဆန္ဒဟာ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိလိုခြင်းပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ […]

မဟာဗျူဟာမြောက်ခြေလှမ်းများထဲမှ  မြန်မာ-ကမ္ဘောဒီးယားခရီးစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံတို့သို့(State Visit)(Official Visit)ပြည်ပခရီးစဉ်များကိုအဆက်မပြတ်သွားရောက်လျက်ရှိသည်။