ရခိုင်ပြည်နယ်မှာ ရက္ခိတအိပ်မက်ဆိုတာ တစ်ချိန်က ရခိုင်လူထုအတွက် မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်နိုင်ငံရေးအနာဂတ်နဲ့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို အဲဒီအိပ်မက်ထဲမှာ ထည့်သွင်းထားခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီအိပ်မက်ဟာ အကောင်အထည်ပေါ်လာဖို နီးကပ်လာတာထက် ပိုပြီးဝေဝါးလာနေပြီ။
နိုင်ငံရေးရည်မှန်းချက်တစ်ခုကို စစ်ရေးအင်အားနဲ့ တည်ဆောက်နိုင်တယ်ဆိုပေမဲ့ အဲဒီအင်အားကို ရေရှည်ထိန်းထားနိုင်ဖို လူထုရဲ့ ယုံကြည်မှု၊ ခေါင်းဆောင်မှုရဲ့ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးတွက်ချက်မှုတွေ လိုအပ်တယ်။ အဲဒီအချက်တွေ အားနည်းလာတဲ့အခါ စစ်ရေးအောင်ပွဲတွေကတောင် နိုင်ငံရေးအရှုးတွေအဖြစ် ပြောင်းလဲသွားနိုင်တယ်။
ပုဏ္ဏားကျွန်းနဲ့ ငပြီကျွန်းအရေးကို ကြည့်လိုက်ရင်လည်း ဒီမေးခွန်းတွေ ပိုပြီးထင်ရှားလာတယ်။ ရခိုင်လော်ဘီမီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေမှာ အောင်ပွဲသတင်းတွေ၊ ရန်သူအထိနာတဲ့သတင်းတွေကို အမြဲလိုလို တွေ့ခဲ့ရပေမဲ့ မြေပြင်အခြေအနေကတော့ အဲဒီသတင်းစကားတွေနဲ့ ဆန့်ကျင်ဘက် အနေအထားမျိုး ဖြစ်နေတယ်။ အေအေ အတွက် ပုဏ္ဏားကျွန်းလို နေရာတစ်ခုအပေါ် ထိန်းချုပ်မှု ပြောင်းလဲလာတယ်ဆိုရင် အဲဒါဟာ မြိုတစ်မြို ဆုံးရှုးတာထက် ပိုတဲ့ အဓိပ္ပာယ်ရှိတယ်။ စစ်ရေးအရ ထိန်းချုပ်နိုင်စွမ်း၊ လူအင်အားနဲ့ ထောက်ပံ့ရေးအခြေအနေ၊ အရင်ကရရှိထားတဲ့ အောင်ပွဲတွေရဲ့ ရေရှည်တည်တံ့မှုတိုမှာ ကျဉ်းထဲကျပ်ထဲ အခြေအနေပုံစံ ဖြစ်လာတယ်။
တစ်ချိန်က AA ရဲ့ အောင်ပွဲတွေကို ကြေညာရာမှာ စကားလုံးတွေက ဝေဝေဆာဆာပါပဲ။ အခုလို အခြေအနေတွေ ပြောင်းလဲလာတဲ့အခါတော့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ပြန်လည်ပြင်ဆင်ရတော့မလား။ မြိုတစ်မြို ဆုံးရှုးတာကို စစ်ရေးအရ နောက်ဆုတ်ပေးလိုက်ခြင်း၊ စခန်းတစ်ခုလက်လွှတ်ရတာကို မဟာဗျူဟာအရ နေရာပြောင်းခြင်းလို အမည်ပြောင်းလိုက်ရုံနဲ့ မြေပြင်အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ကီးဘုတ်ပေါ်မှာ အောင်ပွဲကို အကြိမ်ကြိမ်ကြေညာနိုင်ပေမဲ့ မြေပြင်မှာတော့ နယ်မြေထိန်းချုပ်မှုကို စကားလုံးနဲ့ ပြန်ယူလိုမရဘူး။
ခေါင်းဆောင်ပိုင်းအကွဲအပြဲက စခဲ့တဲ့ ပြဿနာဟာ လူထုအပေါ် ဘယ်လိုကျရောက်လာမလဲ
AA ရဲ့ ခေါင်းဆောင်မှုအတွင်းပိုင်းမှာ နိုင်ငံရေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ အာဏာကိုင်တွယ်ပုံဆိုင်ရာ ပြဿနာတွေရှိနေတာက အခုလို မြိုတွေ လက်လွှတ်ရတဲ့ပုံစံဖြစ်လာတာပါ။ အဖွဲအစည်းတစ်ခုမှာ ခေါင်းဆောင်ပိုင်းရဲ့ သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမဲ့ အဲဒီကွဲလွဲမှုတွေကို ဘယ်လိုဖြေရှင်းသလဲဆိုတာက အဖွဲအစည်းရဲ့ အနာဂတ်ကို ဆုံးဖြတ်တယ်။
အာဏာကို ပိုမိုစုစည်းဖို ကြိုးစားရင်း အတွင်းပိုင်းက သဘောထားမတူသူတွေကို ဖယ်ထုတ်တာ၊ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို လူတစ်စုရဲ့ အမြင်နဲ့သာ ချမှတ်တာမျိုး ဖြစ်လာရင် အဲ့ဒီအဖွဲအစည်းက ပြိုကွဲရတယ်ဆိုတာ ပါချောင် ဖြစ်ရပ်က သက်သေပြနေပါတယ်။ အခုလဲ အေအေ အဖွဲတွင်းမှာ ဒီလိုအခင်းအကျင်းမျိုး စမြင်နေရပါပြီ။ အပြင်ဘက်ရန်သူကို တိုက်ခိုက်ဖို အင်အားစုစည်းနေချိန်မှာ အတွင်းပိုင်းယုံကြည်မှု ပျက်စီးနေတယ်ဆိုတဲ့အချက်တွေ စမြင်နေရပြီ။
ထွန်းမြတ်နိုင်အနေနဲ့လည်း ရက္ခိတအိပ်မက်ဆိုတာ ရခိုင်လူထုတစ်ရပ်လုံးရဲ့ အနာဂတ်အတွက်လား၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ဦးရဲ့ နိုင်ငံရေးအာဏာကို ဆက်လက်တည်မြဲစေဖိုလားဆိုတဲ့ မေးခွန်းကို ဖြေရတော့မယ်။ လူထုရဲ့ ဆန္ဒနဲ့ ခေါင်းဆောင်ရဲ့ ဆန္ဒ မတူညီတော့တဲ့အခါ ဘယ်သူ့ဆန္ဒကို ဦးစားပေးမလဲဆိုတာက အခုအချိန်မှာ ပိုပြီးအရေးကြီးလာတယ်။
စစ်သားမလုံလောက်တော့လို ရခိုင်မှာ မိန်းမတွေပါ စစ်မြေပြင်ထဲ ဆွဲသွင်းတော့မှာလား
စစ်ရေးအခြေအနေ ရှည်ကြာလာတဲ့အခါ လက်နက်ကိုင်အဖွဲအစည်းတစ်ခုအတွက် အခက်ခဲဆုံးပြဿနာတွေထဲမှာ လူအင်အားဖြည့်တင်းရေးက ထိပ်ဆုံးက ပါလာတတ်တယ်။ နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာတာနဲ့အမျှ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ ရှေ့တန်းစစ်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို လူအင်အား ပိုလိုလာတယ်။ တစ်ဖက်မှာလည်း စစ်ပွဲကြာလာတာနဲ့အမျှ လူအင်အားဆုံးရှုးမှုနဲ့ စစ်မှုထမ်းနိုင်သူ ရှားပါးလာမှုတွေက ဖိအားတစ်ခု ဖြစ်လာတယ်။
ဒီလိုအခြေအနေမှာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာဟာ ရခိုင်လူထုအတွက် ပေါ့ပေါ့တန်တန် သဘောထားလိုမရတဲ့ ကိစ္စပါ။ ဒီကိစ္စဟာ လက်ရှိမှာ အကောင်အထည်ဖော်ဖို လူထုရဲ့ တုံပြန်မှုကို စောင့်ကြည့်နေတဲ့ နိုင်ငံရေးစမ်းသပ်မှုတစ်ခုလို ကျွန်တော်ကတော့မြင်တယ်။
အမျိုးသားတွေကို စစ်မှုထမ်းစေတဲ့ မူဝါဒနဲ့ အမျိုးသမီးတွေကိုပါ စစ်ရေးတာဝန်ထဲ ထည့်သွင်းလာမယ့် မူဝါဒဟာ အဓိပ္ပာယ် မတူဘူး။ အထူးသဖြင့် မိသားစုတွေရဲ့ သဘောတူညီမှု၊ လူထုရဲ့ လက်ခံမှုနဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ကို မဖြစ်မနေလေးစားရတယ်။ စစ်ပွဲအတွက် လူအင်အားလိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ အမျိုးသမီးတွေကို စစ်ပွဲထဲ ဆွဲသွင်းမယ်ဆိုရင် ဒါဟာ ထွန်းမြတ်နိုင်ရဲ့ အတ္တအတွက် ရခိုင်ကိုချနင်းတာပဲ။
ကွန်ဖက်ဒရေးရှင်းအိပ်မက်နဲ့ ရခိုင်မြောက်ပိုင်းအပေါ် စိုးရိမ်စရာမေးခွန်း
နောက်ထပ် စဉ်းစားစရာက ရခိုင်ရဲ့ အနာဂတ်နယ်မြေနဲ့ ပတ်သက်တဲ့ နိုင်ငံရေးတွက်ချက်မှုပါ။ ရခိုင်ကို ကွန်ဖက်ဒရေးရှင်းပုံစံတစ်ခုအဖြစ် ရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ အဲဒီလို နိုင်ငံရေးအဆင့်အတန်းတစ်ခု ရရှိရေးအတွက် ဘယ်လိုအပေးအယူတွေ လုပ်ရနိုင်သလဲဆိုတဲ့ မေးခွန်းတွေဟာ ရခိုင်လူထုကြားမှာ စိုးရိမ်မှုဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
အထူးသဖြင့် ကွန်ဖက်ထရိတ်ရဖို legitimate အတွက် ရခိုင်မြောက်ပိုင်းနယ်မြေကို ဘင်္ဂလားဒေ့ရှ်နဲ့ အပေးအယူလုပ်တယ်ဆိုတဲ့အချက်က ကိုယ့်အတ္တအတွက် တိုင်းပြည်နဲ့ လူတုကိုရောင်းစားတာပဲ။ အကြောင်းက ရခိုင်မြောက်ပိုင်းဆိုတာ မြေပုံပေါ်က နယ်မြေတစ်ခုသာ မဟုတ်ပါဘူး။ ရခိုင်လူထုရဲ့ သမိုင်း၊ လူမှုဘဝ၊ နယ်မြေအချုပ်အခြာနဲ့ နိုင်ငံရေးအနာဂတ်တိုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ နေရာပါ။ ရက္ခိတအိပ်မက်ဟာ ရခိုင်မြေကို ရခိုင်လူထုက ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရဖိုဆိုတဲ့ ရည်မှန်းချက်ဖြစ်တယ်ဆိုရင်တောင် အဲဒီအိပ်မက်အတွက် နယ်မြေတစ်စိတ်တစ်ပိုင်းကို အပေးအယူလုပ်တယ်ဆိုတဲ့ ခံယူချက်နဲ့ လုပ်ရပ်မျိုးက ဘယ်လိုမှ လက်ခံပေးလိုမရတဲ့အချက်ပဲ။ ခပ်ရိုင်းရိုင်းပြောရရင် ခွေးကျင့်ခွေးကြံ လုပ်ရပ်ပဲ။
ရက္ခိတအိပ်မက်ကို ဘယ်သူပိုင်သလဲ
အခုရခိုင်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ပုဏ္ဏားကျွန်းကို ဘယ်သူထိန်းချုပ်သလဲဆိုတဲ့ စစ်ရေးမေးခွန်းတစ်ခုတည်း မဟုတ်တော့ဘူး။ ရခိုင်လူထုရဲ့ နိုင်ငံရေးအနာဂတ်ကို ဘယ်သူဆုံးဖြတ်ပိုင်ခွင့်ရှိသလဲဆိုတဲ့ မေးခွန်းဖြစ်လာပါတယ်။
ထွန်းမြတ်နိုင်အနေနဲ့ ရခိုင်လူထုကို ကိုယ်စားပြုတယ်လို ပြောဆိုနေတယ်ဆိုရင် လူထုရဲ့ သဘောထားကို နားထောင်ဖိုလည်း လိုပါတယ်။ လူထုရဲ့ အနာဂတ်ကို ဆုံးဖြတ်တဲ့အခါ လူထုကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့်ရှိရပါမယ်။ လူတစ်ဦးရဲ့ အမြင်နဲ့ အတ္တကို လူထုတစ်ရပ်လုံးရဲ့ ဆန္ဒအဖြစ် သတ်မှတ်လိုမရပါဘူး။
စစ်ရေးအောင်ပွဲရတဲ့အခါ ထွန်းမြတ်နိုင်က ဂုဏ်ယူခွင့်ရပြီး စစ်ရေးအရှုးပေါ်လာတဲ့အခါ လူထုက လူအင်အား၊ အသက်အိုးအိမ်နဲ့ အနာဂတ်တွေကို ပေးဆပ်ရမယ်ဆိုရင် အဲဒီစနစ်ဟာ ဘယ်လိုအမျိုးသားရေးလှုပ်ရှားမှုမျိုးလဲ။ ရက္ခိတဆိုတာ လူထုကို ကယ်တင်ဖိုလား၊ လူထုကို အဆုံးမရှိ စစ်ပွဲထဲ ဆွဲသွင်းဖိုလား။
ထွန်းမြတ်နိုင်အနေနဲ့ ရခိုင်ပြည်သူတွေကို ရက္ခိတအိပ်မက်အကြောင်း ပြောခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ ပြည်သူတွေက မေးလာနိုင်တဲ့ မေးခွန်းက တစ်ခုပဲ ရှိပါတယ်။ ဒီအိပ်မက်အတွက် ဘယ်သူတွေက အကျိုးခံစားရပြီး ဘယ်သူတွေက အဖိုးအခပေးနေရတာလဲ။
လူတစ်ယောက်ရဲ့ အတ္တကို အမျိုးသားရေးလို နာမည်တပ်လိုက်ရုံနဲ့ အဲဒီအတ္တဟာ အမျိုးသားရေးဖြစ်မသွားပါဘူး။ လူထုရဲ့ အသက်၊ လူထုရဲ့ နယ်မြေ၊ လူထုရဲ့ အနာဂတ်ကို ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးချနေမယ်ဆိုရင် အဲဒါဟာ ရက္ခိတအိပ်မက် မဟုတ်တော့ပါဘူး။ တစ်ချိန်က ရခိုင်လူထုကို အိပ်မက်ကြီးတစ်ခုနဲ့ စည်းရုံးခဲ့တဲ့ သူဟာ အခုတော့ အဲဒီအိပ်မက်ကို လူထုအတွက် ဆက်ထိန်းသိမ်းမလား၊ ကိုယ့်အာဏာအတွက် လူထုကို ဆက်လက်ပေးဆပ်ခိုင်းမလားဆိုတာ စောင့်ကြည့်ရတော့မယ်။
ရခိုင်တွေ ထွန်းမြတ်နိုင်ကို ကြောက်နေကြအုံးမှာလား….
Myanmar Affairs Official
