ရခိုင်ပြည်နယ်မှာ ရက္ခိတအိပ်မက်ဆိုတာ တစ်ချိန်က ရခိုင်လူထုအတွက် မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်နိုင်ငံရေးအနာဂတ်နဲ့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို အဲဒီအိပ်မက်ထဲမှာ ထည့်သွင်းထားခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီအိပ်မက်ဟာ အကောင်အထည်ပေါ်လာဖို နီးကပ်လာတာထက် ပိုပြီးဝေဝါးလာနေပြီ။ နိုင်ငံရေးရည်မှန်းချက်တစ်ခုကို စစ်ရေးအင်အားနဲ့ တည်ဆောက်နိုင်တယ်ဆိုပေမဲ့ အဲဒီအင်အားကို ရေရှည်ထိန်းထားနိုင်ဖို လူထုရဲ့ ယုံကြည်မှု၊ ခေါင်းဆောင်မှုရဲ့ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးတွက်ချက်မှုတွေ လိုအပ်တယ်။…