ရီးယဲလ်အသင်းဟာ ပေါ်တူဂီနည်းပြ မော်ရင်ဟိုနဲ့ တစ်ကျော့ပြန်လက်တွဲဖို့အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ နည်းပြ အလွန်ဆိုနဲ့ လမ်းခွဲပြီး အာဘီလိုအာကို ရာသီကုန်အထိ ခန့်အပ်ထားပါတယ်။ ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အဲဒီအချိန်ကတည်းက မော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ စဉ်းစားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဥရောပထိပ်သီးအသင်းများစွာကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ ရီးယဲလ်အသင်းကို…