စပါးအသင်းဟာ လိုက်ပ်ဇစ်အသင်းမှ ဂျာမနီလက်ရွေးစင်တိုက်စစ်ကစားသမား တီမိုဝါနာ (၂၇) နှစ်အား ရာသီကုန်အထိအငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ပြီး အငှားစာချုပ်ပြည့်ချိန်တွင် ယူရို (၁၇) သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်တိုနဲ့ တရားဝင် ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။
ဝါနာက စပါးအသင်းမှာ ကျောနံပါတ် (၁၆)ကို ဝတ်ဆင်သွားမှာလည်းဖြစ်ပါတယ်။ တီမိုဝါနာဝါနာဟာ စပါးအသင်း၏ မြိုခံပြိုင်ဘက် ချယ်လ်ဆီးအသင်းတွင် (၂) ရာသီကြာကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ (၈၉) ပွဲကစားရာတွင် (၂၃) ဂိုးသွင်းယူခဲ့ကာ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတိုကိုရယူနိုင်ခဲ့ပါတယ်။
