အမေရိကန်-အီရန်တိုက်ခိုက်မှုများကြောင့် ရေနံစိမ်းစျေးနှုန်း ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်

ဟော်မုရေလက်ကြားနဲ့ တခြားရေပြင်တွေမှာ အမေရိကန်နဲ့အီရန်တို့ကြား စစ်သင်္ဘောနဲ့ရေနံတင်သင်္ဘောတွေကို လက်တုံ့ပြန်တိုက်ခိုက်နေကြတာကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ ရေနံစီးဆင်းမှုကျဆင်းသွားပြီး စက်တင်ဘာလ ၇ ရက်မှာ ရေနံစိမ်းဈေးနှုန်းတွေက သီတင်းပတ်ခြောက်ပတ်အတွင်း အမြင့်ဆုံးနီးပါးအဖြစ် တစ်စည်ကို ဒေါ်လာ […]

မြောက်ကိုရီးယားနဲ့ရုရှား နှစ်နိုင်ငံဆက်ဆံရေးသင်္ကေတအဖြစ် ပထမဆုံး ကားလမ်းပါတံတား စတင်ဖွင့်လှစ်

မြောက်ကိုရီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ နှစ်နိုင်ငံကြားပထမဆုံးကားလမ်းပါတံတားကို စက်တင်ဘာလ ၇ ရက် မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း ရုရှား TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဒီတံတားဟာ နှစ်နိုင်ငံစလုံးရဲ့ […]

ပူတင်နှင့်အမေရိကန်ကိုယ်စားလှယ်တို့၏ ဆွေးနွေးပွဲထိရောက်မှုရှိ‌

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အမေရိကန် အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဝစ်ကော့၊ ဂျဲရက်ကူရှနာတို့ မော်စကိုမှာတွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်မှုရှိကြောင်း ရုရှားသမ္မတရုံးမှအကြံပေးပုဂ္ဂိုလ် ယူရီအူရှာကော့က စက်တင်ဘာလ ၆ ရက်နံနက်ပိုင်းမှာ ပြောပါတယ်။ […]

သကြားပါတဲ့အချိုရည်တွေကြောင့် အစာအိမ်ကင်ဆာဖြစ်မှု ၂ ဆခွဲကျော်မြင့်မား

သကြားပါဝင်မှုများတဲ့ အချိုရည်တွေကိုနေ့တိုင်းသောက်သုံးတာဟာ အစာအိမ်ကင်ဆာဖြစ်ပွားနိုင်မှုကို ၁၄၅ ရာခိုင်နှုန်းတစ်နည်းအားဖြင့် ၂ ဒသမ ၄၅ ဆ အထိပိုမိုမြင့်မားသွားစေနိုင်တယ်လို့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ သုတေသနအသစ်တစ်ခုမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ Mass General Brigham […]

အမေရိကန်နဲ့အီရန်တို့ကြား တစ်ညတာတိုက်ခိုက်မှုပြန်ဖြစ်တာနဲ့တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါးအထိမြင့်တက်လာတဲ့ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း

အမေရိကန်နဲ့ အီရန်တို့ကြားမှာ အပြန်အလှန်တိုက်ခိုက်မှုတွေမဖြစ်တာ ရက်အနည်းငယ်တော့ကြာနေပါပြီ။ ဒီအတောအတွင်းကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည်လည်းကျဆင်းသွားပါတယ်။

အီရန်စစ်ပွဲကြား တရုတ်ရဲ့အရှေ့အလယ်ပိုင်းခြေလှမ်းသစ်

အမေရိကန်နှင့် အီရန်နိုင်ငံကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။–၎င်းခရီးစဉ်အတွင်း တရုတ်နှင့် အီဂျစ်တို့က […]

အမေရိကန်ရဲ့ဒုံးကျည်စနစ်အသုံးပြုတဲ့ ဂျပန်ကိုရုရှားက တုံ့ပြန်မယ်လို့သတိပေး

ဂျပန်နိုင်ငံက အမေရိကန်နိုင်ငံထုတ် ဒုံးကျည်စနစ်ဖြစ်တဲ့ Typhoon ဒုံးကျည်စနစ်အသုံးပြုလာမှုအပေါ် တုံ့ပြန်မှုများလုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရကသတိပေးလိုက်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့အမေရိကန်နဲ့ပူးတွဲစစ်ရေး လေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီဒုံးကျည်စနစ်ကိုဖြန့်ကြက်လာတာပါ။ ဒါနဲ့ပတ်သက်ပြီးဂျပန်နိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ ရုရှားနိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေတဲ့အတွက် လုံးဝလက်မခံနိုင်ဘူးလို့ ရုရှားနိုင်ငံခြား ရေးဝန်ကြီးဌာနမှ […]

နီပေါနဲ့တရုတ်နယ်စပ်မှာ ရုတ်တရက်ရေကြီးမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး

နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်ဒေသမှာ ဩဂုတ်လ ၂၆ ရက်က  ရုတ်တရက်ရေကြီးမှုဖြစ်ပွားပါ တယ်။ အထူးသဖြင့် နီပေါနဲ့တိဗက်ဒေသနယ်စပ်မှာဖြစ်ပွားတာပါ။ဒီလိုမျိုး ရုတ်တရက်ရေကြီးပြီး ရွှံ့ရေတွေတစ်ဟုန်ထိုးစီးဆင်းလာတာကြောင့် အခုအချိန်အထိ လူပေါင်း ၁၀၀ ကျော်သေဆုံးထားပြီး […]

အမေရိကန်လေယာဉ်တင်သင်္ဘော USS Abraham Lincoln ထိုင်းမှာဆိုက်ကပ်မယ်

အမေရိကန်ရေတပ်မှလေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Abraham Lincoln က လာမယ့်သီတင်းပတ်ကျရင် ထိုင်းနိုင်ငံမှာဆိုက်ကပ်မှာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူများက ဩဂုတ်လ ၂၅ ရက်မှာပြောပါတယ်။