တောင်ကိုရီးယား တက္ကသိုလ်ဝင်စာမေးပွဲအတွင်း မသမာမှုလုပ်ရန် ကြိုးပမ်းသူ ကျောင်းသား ၁၁၁ ဦးကို ဖမ်းမိ

တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် တားမြစ်ထားသော အီလက်ထရောနစ်ပစ္စည်းများ ယူဆောင်လာသည့် ဖြေဆိုသူကျောင်းသား ၁၁၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၅ ဦးက စာမေးပွဲဖြေဆိုနေစဉ် အဆိုပါကိရိယာများ အသုံးပြုနေချိန်၌ လက်ပူးလက်ကြပ် ဖမ်းမိခဲ့ခြင်းဟု သိရသည်။

AI မျက်မှန်အသုံးပြု၍ စာမေးပွဲမသမာမှု ပြုလုပ်မှုများလည်း ယခုနှစ်အတွင်း တွေ့လာရသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် AI မျက်မှန်အသုံးပြု၍ စာမေးပွဲဖြေဆိုသည့် ကျောင်းသား ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

AI အသုံးပြု၍ စာမေးပွဲဖြေဆိုမှုများ မြင့်တက်လာခြင်းကြောင့် ယခုနှစ် စာမေးပွဲတွင် မသမာမှုတားဆီးရေး အစီအမံများကို ပိုမိုတင်းကျပ်စွာ ချမှတ်ဆောင်ရွက်ခဲ့သည်။ စာမေးပွဲကို ကျောင်းသား ၅ သိန်းခန့် ဝင်ရောက်ဖြေဆိုခဲ့ပြီး AI အားကိုးဖြင့် မသမာမှုလုပ်ခြင်းသည် စာမေးပွဲ၏ မျှတမှုနှင့် ယုံကြည်မှုကို ထိခိုက်စေသည့်အပြင် လူမှုအသိုင်းအဝိုင်း၏ အခြေခံစနစ်ကိုပါ ထိခိုက်စေနိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *