
အစိုးရထုတ် နေ့စဉ်သတင်းစာတွေမှာ ဆောင်းပါးရေးသားပြီး ICJ ဆုံးဖြတ်ချက်အပေါ် သဘောထားရပ်တည်ချက် ဖော်ပြလာပါပြီ..
ဆောင်းပါးရဲ့အဓိကအနှစ်ချုပ်ကတော့ မြန်မာပြည်သူတွေ အလွန်အမင်း မစိုးရိမ်ကြရန်၊ ICJ ရဲ့ဆုံးဖြတ်ချက်က မျှတမှု မရှိကြောင်း ဆုံးဖြတ်ချက် ၁ ချက်ချင်းကို သုံးသပ်ဖော်ပြထားပါတယ်…
မြန်မာအစိုးရအနေနဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လတ်တလော လိုက်နာမဲ့သဘောမျိုးမတွေ့ရဘဲ အချိန်ယူလေ့လာမှာဖြစ်ကြောင်းနဲ့ လိုက်နာခဲ့ရင်တောင် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာအတွက် ကိုယ့်အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ လုပ်မယ်လို ဖော်ပြထားပါတယ်..
အဲ့ဒီဆောင်းပါးကို မြန်မာ-အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးသားထားပြီး အသေးစိတ်ဖတ်ရှုချင်ရင် https://www.moi.gov.mm/index.php/article/91002 တွင် ဖတ်ရှုနိုင်ပါတယ်..
