မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများလျှော့ချလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှဆည်ရေများလျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ တမံ၏အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျနေရာတစ်လျှောက်တွင် […]

ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

NCA (၁၁) နှစ်မြောက်နှစ်ပတ်လည့်နေ့အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Video Message ဖြင့် ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အခက်အခဲဒုက္ခများ ကြုံတွေ့ခဲ့ရပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေး

နိုင်ငံတော်မှ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများ ကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေး၊ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်အလေးထားဆောင် ရွက်ပေးလျက်ရှိပြီး မလေးရှားနိုင်ငံတွင်  အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်ခဲ့ရာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ့ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ  သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း – ၁) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြား

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သန်လျင်ရေနံချက်စက်ရုံ (အပိုင်း – ၁) ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ အဆိုပါစက်ရုံနေရာ၌ ကျင်းပပြုလုပ်ရာ

တက္ကသိုလ်ကျောင်းသားများ နှစ်နှစ်ကျောင်းနား၍ စစ်မှုထမ်းရမည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်းစစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ရှင်းလင်း

တက္ကသိုလ်ကျောင်းသားများ နှစ်နှစ်ကြာ ယာယီကျောင်းနား၍ စစ်မှုထမ်းဆောင်ရမည်ဆိုသည့် လူမှုကွန်ရက်ပေါ် ပျံ့နှံနေသော သတင်းမှာ မမှန်ကန်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် အသိပေးရှင်းလင်းခဲ့သည်။ လူမှုကွန်ရက်ပေါ်ရှိ […]

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြား 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၃ ရက်နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအား