ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကိုဘော့တ် တွင်းထွက်သတ္တုတွင်း တစ်ခုမှ တံတားပြိုကျမှုကြောင့် သတ္တုတွင်းလုပ်သား အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့ကြောင်း AFP သတင်းဌာနက ဒေသခံ အာဏာပိုင်များကို ကိုးကားဖော်ပြသည်။
လူအာလာဘာ ပြည်နယ်တွင် မြေပြိုမှုကြောင့် ဤပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြည်နယ် လုံခြုံရေးဝန်ကြီးက သတင်းထောက်များအား ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ကိုဘော့တ်သတ္ထုသည် လက်ကိုင်ဖုန်းနှင့်ကွန်ပျူတာများတွင်သုံးစွဲသည့်သတ္တုဖြစ်သည်။
