နိုဝင်ဘာလ ၁၉ ရက်နေ့ ICJ ကချမှတ်မယ့် စီရင်ချက်အမိန့်ဟာ အယူခံခွင့်မရှိပါဘူး။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း သတ်မှတ်ချက် စံနှုန်းတွေအရတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေက လူမျိုးတုန်းသတ်ဖြတ်မှု မမြောက်တာ အလွန်သိသာထင်ရှားလှပါတယ်။ ဥပဒေကြောင်းအရဖြစ်ဖြစ်၊ အလားတူစံပြုရမယ့် ဖြစ်စဉ်ကိုးကားချက်များအရ ဖြစ်ဖြစ်၊ တရားလို လုပ်တဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ရည်ရွယ်ချက်အရဖြစ်ဖြစ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခြင်း မရှိ တာကို မှားယွင်းဆုံးဖြတ်ချက်ချမှတ်ခဲ့ရင်တော့ နိုင်ငံတကာဥပဒေသမိုင်းမှာ အမဲစက်ကြီးဖြစ်ပြီး ICJ ရဲ့ ဂုဏ်သိက္ခာကို အလွန်ဆိုးရွားစွာ ထိခိုက်သွားစေမှာ ဖြစ်ပါတယ်။
ဥပဒေကြောင်းအရမှန်မှန်ကန်ကန် ဆုံးဖြတ်ဖိုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်ထားတဲ့ စံနှုန်းတွေကို လျှော့ချပြီး တရားစီရင်ခြင်း မပြုလုပ်ဖို အမေရိကန်နိုင်ငံကလည်း ပြင်းပြင်းထန်ထန် သတိပေးလျက် ရှိပါတယ်။
အဲ့ဒီလို သတိပေးရတဲ့ အဓိကအကြောင်းအရင်းက ရခိုင်ပြည်နယ်က ဖြစ်စဉ်များဟာ ဂါဇာမှာ အစ္စရေးက ကျူးလွန်မှုများလောက် မဆိုးရွားတဲ့အပြင် မြန်မာ့တပ်မတော်ဟာ ARSA အဖွဲရဲ့ အကြမ်းဖက်မှုများကို ခုခံတိုက်ခိုက်မှုများဟာ အမေရိကန်စစ်တပ်ရဲ့ အကြမ်းဖက်မှုတန်ပြန် စစ်ဆင်ရေးတွေနဲ့ နှိင်းယှဉ်လိုက်ရင် အလွန်သေးငယ်တဲ့ ဖြစ်စဉ်များပဲ ဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့တော့ ICJ ရဲ့ တရားစွဲဆိုမှုကို ဥပဒေကြောင်းအရ တိကျစွာ လိုက်နာရင်ဆိုင် ဖြေရှင်းခဲ့သလို သွားရောက် တရားရင်ဆိုင်ခဲ့တဲ့ Agent အဖွဲကလည်း ခိုင်မာတဲ့ သက်သေထွက်ဆိုချက်များ၊ အတွေ့အကြုံရင့် နိုင်ငံတကာဥပဒေပညာရှင်များနဲ့ တိကျရှင်းလင်းတဲ့ ထွက်ဆိုချက်များနဲ့ တရားရင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒါကြောင့်မိုလည်း ICJ ရဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ ဥပဒေအတိုင်း မှန်ကန်တိကျပြီး နောက်ဆက်တွဲ ဖြေရှင်းရှင်းရမယ့် ဆုံးဖြတ်ချက်များကို မြန်မာအစိုးရအနေဖြင့် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိခိုက်ဘဲ အမျိုးဘာသာ၊ သာသနာအတွက် ပြည်သူလူထုရဲ့ စည်းလုံး ညီညွတ်မှုအားနဲ့အတူ ရင်ဆိုင်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
ကြားနာပွဲမှာ ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ မြန်မာ Agent အဖွဲရဲ့ တုံပြန်ဖြေရှင်းချက်များအပေါ် ပြည်သူ လူထုက ထောက်ခံအားပေးခဲ့ကြသလို ယခု ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်အစိုးရရဲ့ ဖြေရှင်းတုန့်ပြန်မှုကိုလည်း ပြည်သူလူထုက ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ယုံကြည်မိ ပါတယ်။
မင်းခန့်
