မောင်တော၊ နခခ(၅)က လုံခြုံရေးအဖွဲ့တွေ တာဝန်ကျေလွန်းလှပါတယ်။ ရန်သူလာတိုက်တယ် .. ရဲရဲဝံ့ဝံ့ ပြန်ဆော်လို့ ရန်သူ ထွက်ပြေးရတယ်။ သူတို့တွေ အလကား ထိုင်မနေကြဘူး .. ပြေးတဲ့ရန်သူ့နောက်ကို ထပ်ကြပ် လိုက်ရှင်း ကြတယ်။
ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာလည်း အကြမ်းဖက် AA သူပုန်တွေ ထွက်ပြေးတဲ့နောက်ကို လိုက်ရှင်းရင်း လူကယ်ပြန်ရုံး(မောင်တော) အနောက်ဘက် ခြံစည်းရိုးမှာ သေနတ် ၈ လက် ၊ မြောက်ဘက် ခြံစည်းရိုးမှာ ၂ လက် ရတယ်။ သိမ်းဆည်းရမိ ပစ္စည်းတွေကတော့ –
(၁) သေနတ်မျိုးစုံ ၁၀ လက်
- AK-47 သေနတ် ၂ လက်
- M-22 သေနတ် ၂ လက်
- MA-1 သေနတ် ၃ လက်
- MA-3 သေနတ် ၂ လက်
- Sniper သေနတ် ၁ လက်
(၂) ကျည်မျိုးစုံ ၁၀၀၀ ကျော်
(၃) ကျည်အိမ်မျိုးစုံ ၁၃ ခု
(၄) စက်လတ်ကျည်ခါးပတ်တွဲ ၈ ခု
(၅) အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိတယ်။ (သေနတ် ၂ လက်ပုံ ရပါက ထပ်မံဖော်ပြပါမယ်)
ဒီဖြစ်စဉ်တွေမှာ တွေ့ရှိတာကတော့ အကြမ်းဖက် AA ရဲ့ အလောင်းကောက်အဖွဲ့က အလောင်းတွေကိုပဲ ဦးစားပေး ကောက်တယ်၊ ပေါ့ပေါ့ပါးပါး သေနတ်ကိုတော့ အခွင့်သာမှ ကောက်တာကို တွေ့ရတယ်။ ဖြစ်စဉ်တိုင်း မှာ ရန်သူ့အလောင်းထက် သေနတ်က ပိုများနေတယ်။ စိတ်ဓာတ်စစ်ဆင်ရေး လုပ်လို့မရအောင် အလောင်းတွေကို ပဲ ဦးစားပေးကောက်တာလား? လက်နက်ကြီးကြောင့် အလောင်းပျောက်သွားတာလား? ဆိုတာတော့ AA တွေပဲ သိပါလိမ့်မယ်။
အောက် ၁၈ ရက် (ဒီနေ့)အဖို့ကတော့ မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့လက်နက် ၁၀ လက် ရရှိထားပါတယ်။
နယ်မြေဆက်ရှင်းနေဆဲဖြစ်တဲ့အတွက် ထူးခြားမှုနဲ့ အလောင်း/လက်နက် ရရှိပါက ထပ်မံဖော်ပြပေးသွားပါမယ်။
Congratulations ပါ .. နခခ (၅)မှ ရဲဘော်ရဲဘက်များ။။။