Thales ကုမ္ပဏီဟာ ရေငုပ်သင်္ဘောတွေကိုရှာဖွေထောက်လှမ်းတိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားလာစေမယ့် နည်းပညာအသစ်၃ မျိုးကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒီနည်းပညာတွေဟာ သမားရိုးကျစစ်သင်္ဘောနဲ့ မောင်းသူမဲ့ရေယာဉ်တွေကို ပေါင်းစပ်အသုံးပြုပြီး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့ရည်ရွယ်ထားတာပါ။ အဲဒီနည်းပညာ ၃ မျိုးကတော့ M-Cube စစ်ဆင်ရေးစီမံခန့်ခွဲမှုစနစ်၊ Lightweight Dipping Sonar (LDS) ရေအောက်အသံလှိုင်းရှာဖွေရေးစနစ်နဲ့ CAPTAS-4 Mission Module တို့ဖြစ်ပါတယ်။ M-Cube စနစ်က စစ်သင်္ဘော၊ ရဟတ်ယာဉ်နဲ့မောင်းသူမဲ့ရေယာဉ်တွေကို…