ယနေ့ခေတ်မှာ ပလတ်စတစ်တွေဟာနေရာတကာမှာ ရှိနေကြပါတယ်။ လူအများစုဟာလည်း တစ်ခါသုံး ပလတ်စတစ်တွေကိုနေ့စဉ်စွန့်ပစ်နေသောကြောင့် အမှိုက်ပုံကြီးတွေက ဟီးလို့။ ဒီပလတ်စတစ်များဟာ ပုံမှန်အားဖြင့်ဆွေးမြေ့ မသွားဘဲ မြေကြီးနဲ့မြေအောက်ရေထဲကို အဆိပ်တွေအနေနဲ့စီးဝင် သွားကြပါတယ်။ ကံကောင်းထောက်မစွာဖြင့် ပြန်လည် အသုံးချသည့် နည်းလမ်းသည် ဒီပလပ်စတစ်တွေကိုမြေထဲကို စွန့်ပစ်မည့် အရေးနှင့်နောက်ထပ် အသစ်သစ်သော ပလတ်စတစ်များ ထုတ်လုပ်မှုကိုလျော့ချ နိုင်ပါတယ်။ လျော့ချဖို့ နည်းလမ်း (၅) သွယ်ရှိပါတယ်။
နည်းလမ်း (၁) ပလပ်စတစ်အမျိုးအစားခွဲခြားခြင်း
၁။ PET, PETE (polyethylene terephthalate)
ပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၁) အား အချိုရည် ဘူးများ၊ ရေဘူးများ၊ ဘီယာဘူးများ၊ ဟင်းသီးဟင်းရွက် ထည့်သည့် ဆီဘူးများ၊ မြေပဲထောပတ်ထည့်သည့် ဘူးများ၊ အစားအစာထည့်သည့် ဗန်းများအဖြစ် အသုံးများသည်။ ယင်းပလပ်စတစ် အဟောင်းများကို အသားပွသော အနွေးထည် အင်္ကျီအသားများ၊ လက်စွဲအိတ်များ၊ ပရိဘောဂများ၊ ကော်ဇောများနှင့် အချိုရည်အမျိုးမျိုး ထည့်သောပစ္စည်းများ အဖြစ် ပြန်လည် သုံးစွဲကြသည်။
၂။ HDPE (high density polyethylene)
ပြန်လည် အသုံးချနိုင်သည့် အမျိုးအစားနံပါတ် (၂) တွင် နို့နဲ့ဖျော်ရည်ထည့်သော ကိုင်းခွက်များ၊ သန့်ရှင်းရေးသုံး ပစ္စည်းများ၊ ဒိန်ချဉ်ဘူးများ၊ အမှိုက်အိတ်များ၊ အစေ့အဆံများ ထည့်သည့်အိတ်များ အဖြစ် အသုံးများသည်။ ယင်းပလပ်စတစ် အဟောင်းများကို ဘူးအမျိုးမျိုး၊ ဘောပင်များ နှင့်ဆောက်လုပ်ရေး ပစ္စည်းများအဖြစ် ပြန်လည်သုံးစွဲကြသည်။
၃။ V (Vinyl) or PVC
ပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၃) တွင် မှန်ဆေးရည်၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည် ထည့်သည့်ဘူးများ၊ အစားအစာ ထည့်သည့်ဘူးအကြည်များ၊ ပိုက်ဆက်များ၊ လျောတံခါးများ၊ ဆေးရုံသုံး ပစ္စည်းများအဖြစ် အသုံးများသည်။ ယင်းပလပ်စတစ် အဟောင်းများကို သစ်သားတု ပြုလုပ်၍ အိမ်ဆောက်ပစ္စည်းများ အဖြစ် ပြန်လည် သုံးစွဲကြသည်။
၄။ LDPE (low density polyethylene)
ပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၄) တွင် ညှစ်လို့ရသည့် ဘူးအပျော့များ၊ ဈေးဝယ်အိတ်များ၊ ပလတ်စတစ် အကြည်များ၊ ပေါင်မုန့်ထည့်သည့် အိတ်များအဖြစ် အသုံးများသည်။ ယင်းပလတ်စတစ် အဟောင်းများကို အမှိုက်ခြင်း စွတ်သည့် အိတ်များ၊ ချောစာအိတ်များ၊ သစ်သားတုများအဖြစ် ပြန်လည် သုံးစွဲကြသည်။
၅။ PP (polypropylene)
ုပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၅) တွင် အချိုရည် စုပ်ပိုက်များ၊ ဒိန်ချဉ်ခွက်များ၊ ဆော့ထည့်သည့် ဘူးများ၊ ဆေးဘူးများ၊ ရေခွက်များ အသုံးများသည်။ ယင်းပလတ်စတစ် အဟောင်းများကို ထွန်ခြစ်၊ တံမြက်စည်း၊ ဘတ္ထရီအိုးများနှင့်လင်ဗန်းများအဖြစ် ပြန်လည် သုံးစွဲကြသည်။
၆။ PS (polystyrene)
ပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၆) တစ်ခါသုံး ပန်းကန်ခွက်ယောက်များ၊ စီဒီအိတ်များ၊ ကြက်ဥထည့်သည့် ဗန်းများ၊ ဖော့ဘူးများ၊ အက်စက်ပရင်ဆေးဘူးများ အဖြစ် အသုံးများသည်။ ယင်းပလပ်စတစ် အဟောင်းများကိုရေမြုပ်ပါသည့် ထုပ်ပိုး ပစ္စည်းများ၊ လျှပ်ကာများ၊ ကြက်ဥထည့်သည့် ဗန်းများ၊ ဖော့ဘူးများ အဖြစ် ပြန်လည် အသုံးချသည်။
၇။ အခြား ပလပ်စတစ် အမျိုးအစားများ
အခြား အမျိုးအစားများကတော့ ဂါလံပုံးများ၊ ကျဉ်ကာ ပစ္စည်းများ၊ နေကာ မျက်မှန်များ၊ ဒီဗွီဒီ အချပ်များ၊ ဖုန်းကာဗာများ အဖြစ် အသုံးပြုသည်။ ယင်းပလပ်စတစ် အဟောင်းများကို တစ်ခါတစ်ရံ သစ်သားအတုများ အဖြစ်သာ ပြန်လည် အသုံးပြုကြသည်။
နည်းလမ်း (၂)– ဘယ်လိုစွန့်ပစ်ရမလဲ????
၁။ အများစု အမှိုက်စွန့်ပစ်သည့် ပုံစံကိုလေ့လာပါ။
မြို့များနဲ့ မြို့တော်ကြီးတွေမှာ ပြန်လည် အသုံးချမည့် ပစ္စည်းများ စုပုံသည့်နေရာ ဒါမှမဟုတ် စည်ပင်သာယာ၏ လမ်းဘေး အမှိုက်သိမ်းသည့် ပုံးများ ရှိတတ်သည်။ သို့သော် လူ့အသိုင်းအဝိုင်း တခုနှင့်တခု မတူပါ။ ထို့ကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လို စွန့်ပစ်နိုင်လည်း ဆိုတာ သက်ဆိုင်ရာကိုမေးမြန်းပါ။
၂။ ပြန်လည် အသုံးချနိုင်သည့် အမှိုက်ထည့်ရန် သီးသန့် စွန့်ပစ်အမှိုက်ပုံး ထားပါ။
၃။ သင်၏ ပြန်လည် အသုံးချနိုင်သည့် ပလတ်စတစ်များကို သတ်မှတ်နေရာတွင် သာ စုပုံပါ။
၄။ မိမိ ပလပ်စတစ်များကို အနီးအနားရှိ ပြန်လည် အသုံးချ စက်ရုံဆီ ယူသွားပါ။
မိမိနေရာဒေသမှာ စွန့်ပစ် ပလတ်စတစ်များအား ပြန်လည် အသုံးချနိုင်သည့် ပစ္စည်းများ လုပ်သည့် စက်ရုံ ရှိမရှိကိုဒေသရှိ ဝန်ထမ်းကိုမေးခြင်း (သို့) အင်တာနက်တွင် ရှာဖွေခြင်း ပြုလုပ်ပါ။ စက်ရုံက မိမိ ပလတ်စတစ်များကို လက်ခံသည် ဆိုပါက ယူသာ သွားလိုက်ပါ။ တချို့ စက်ရုံများသည် စွန့်ပစ် ပလတ်စတစ်များကို အတန်းအစား ခွဲခြင်း နှင့်ဆေးကြောခြင်း တို့ကို လုပ်ဆောင်သည်။ ဤနေရာတွင် သင်သည် သံဘူးများ၊ ပလပ်စတစ်များ၊ စက္ကူများကိုရောပြီး ပို့ဆောင်နိုင်သည်။ တချို့ စက်ရုံတွေသည် စက္ကူတံဆိပ်များ ခွာပေးရခြင်း၊ အမျိုးအစားတူရာကို ခွဲခြား၍သာ စွန့်ပစ်ရခြင်းများ လုပ်ရသည်။ ယင်းတို့ကို လိုက်နာလျှင် သင့်အတွက် ပိုကောင်းပါသည်။
နည်းလမ်း (၃)- စနစ်တခုဖော်ဆောင်ပါ
၁။ မိမိ အိမ်အတွက် ပြန်လည် အသုံးချပါ။
၂။ ပြန်လည် အသုံးချနိုင်သည်များကို အမျိုးအစားအလိုက် ခွဲခြားပါ။
လိုအပ်လျှင် စက္ကူ၊ ကဒ်ထူပြား၊ ပလတ်စတစ်စ၊ ပုလင်းခွံ၊ ဘူးခွံဆိုပြီး ခွဲခြားထားပါ။ ဒါက စိတ်အနှောင့်အယှက် ဖြစ်စရာနိုင်ပါတယ်။ ဒါပေမယ့်လည်း အိမ်တိုင်းလိုလို အပတ်စဉ် လုပ်ဆောင်သွားရင် နေ့စဉ် အလုပ်ကဲ့သို့ လွယ်ကူသွားပါလိမ့်မယ်။
၃။ သင့်ပလပ်စတစ်များသည် သန့်ရှင်းပါစေ။
မလိုသော်လည်း တံဆိပ်များ ခွာခြင်း၊ အကြွင်းအကျန်များအား သန့်ရှင်းခြင်းအတွက် ပြန်လည်အသုံးပြုလိုစိတ်ကိုမြင့်မားစေမည်ဖြစ်သည်။
၄။ မိမိသုံးစွဲနိုင်သည်ထက် ပိုသော တစ်ပတ်တခါ ပြန်လည် အသုံးချနိုင်သည့် စွန့်ပစ်အမှိုက်များကို ရှင်းထုတ်ပါ။
ဒီနည်းနဲ့ ပုလင်းခွံတွေလည်း စုပုံ မလာသလို၊ အမျိုးအစားခွဲပြီး စွန့်ပစ်ရတဲ့ အလုပ်အတွက် စိတ်မညစ်ရတော့ပါဘူး။ တကယ်၍ ပြန်လည် အသုံးချသည့် စက်ရုံက အနီးအနားမှာ မရှိရင် လစဉ်စွန့်ပစ်တဲ့နေရာကကြီးလျှင်လည်း အပတ်စဉ် အမျိုးအစားများ ခွဲခြားတာ လုပ်ဆောင်ပါ။
