ရေထုညစ်ညမ်းမှုကိုဘယ်လိုလျှော့ချမလဲ

ရေသည် ကမ္ဘာ့အရေးကြီးဆုံး အရင်းအမြစ် တစ်ခု ဖြစ်သည်နှင့်အညီ ကျွန်ှုပ်တို့ အားလုံးသည် မိမိတို့နှင့် သက်ဆိုင်သည့်နေရာမှနေ၍ ညစ်ညမ်းမှု ရပ်တန့်စေရန်ဆောင်ရွက်ရမည် ဖြစ်သည်။ ရိုးရှင်းလွယ်ကူစွာပင် မိမိ တို့အိမ်တွင် အသုံးပြုနေသော အဆိပ်အတောက် ဖြစ်စေသည့် ပစ္စည်းများအစား သဘာဝ သန့်ရှင်းသော အသုံး ဆောင်များဖြင့် အစားထိုး သုံးစွဲရမည် မိမိအိမ်တွင် သစ်ပင်ပန်းပင်များကို စိုက်ပျိုးရမည်ဖြစ်သည်။ ထိုထက်ပို၍ မိမိတို့ပါတ်ဝန်းကျင်ရှိ စမ်းချောင်းများ၊ မြစ်များ၊ ကမ်းခြေများအားအဆိပ်အတောက်ဖြစ်ညစ်ညမ်းစေသော စွန့်ထုတ်ပစ္စည်းများကိုထုတ်လုပ်နေသော စက်ရုံများနှင့်ဆွေးနွေးကာရေညစ်ညမ်းမှုကိုလျှော့ချနိုင်ရေးအတွက် ဆွေးနွေးရန်ဖြစ်သည်။ ဆောင်ရွက်မှုတိုင်းသည် ပြောင်းလဲမှုကိုဖြစ်စေမည်ဖြစ်သည်။

နည်းလမ်း ၁။ မိမိအိမ်တွင်းဆောင်ရွက်လေ့ရှိသည့်အကျင့်များကိုပြောင်းလဲပါ

၁။ အိမ်သန့်ရှင်းရေးအတွက် အသုံးပြုသော ဓါတုဆေးရည်များအားလျှော့သုံးပါ

ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ရုံမျှဖြင့် ကြီးမားသောပြောင်းလဲမှုကို ရရှိနိုင်ပါသည်။ အိမ်သန့်ရှင်းရေး အတွက် ချွတ်ဆေးနှင့် အမိုးနီးယားတို့ကို အသုံးပြုခြင်းသည်ရေညစ်ညမ်းမှုကို ဖြစ်စေသည်။ ၎င်းတို့အား မရှိမဖြစ် လိုအပ်သည်လည်း မဟုတ်ချေ။ သဘာဝ သန့်စင်ပစ္စည်းများဖြင့်လည်း မိမိအိမ်ကို ထိရောက်စွာ သန့်ရှင်းရေး ပြုလုပ် နိုင်သည်။ The Environmental Protection Agency (EPA) မှ သန့်ရှင်းရေးသုံး ပစ္စည်းများကို စာရင်းပြုစုထုတ် ပြန်ပေးထားသည်။ ရေညစ်ညမ်းမှုကို လုံးဝမဖြစ်စေသော ပစ္စည်းများဖြစ်သည်။ “အစိမ်းရောင်” ဟုခေါ် ဆိုနိုင်သည်။ အိမ်တွင်သုံးနေကျဖြစ်သော ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါအား ပြူတင်းပေါက်များဆေးကြောခြင်း၊ ရေချိုးခန်းရှိ ကြေးများချွတ်ခြင်း စသော သန့်ရှင်းရေးလုပ်ငန်းများ အတွက် အသုံးပြုနိုင်သည်။ လုံးဝ အဆိပ်အတောက် မရှိသော ပစ္စည်းများဖြစ်သည်။

၂။ အမှိုက်များကိုသေချာ စွန့်ပစ်ပါ

မဆွေးမြေ့နိုင်သော စွန့်ပစ်အမှိုက်များအား ဘယ်သောအခါမျှ ရေစီးမြောင်းများအတွင်းသို့ မစွန့်ပစ်ပါနှင့်။ ရေအရင်းမြစ်များအား အဆိပ်အတောက် ဖြစ်စေသော်လည်း မရှိမဖြစ် အသုံးပြုရသော အိမ်သုတ်ဆေးနှင့် အမိုးနီးယားများအား စွန့်ပစ်မည်ဆိုပါကသေချာ ဂရုစိုက်ရမည် ဖြစ်သည်။ မည်ကဲ့သို့ စွန့်ပစ်ရမည်ကိုသေချာ မသိပါက အစိုးရဌာနရှိ အင်တာနက် စာမျက်နှာများ သန့်ရှင်းရေး ဌာနများသို့ ဆက်သွယ်ကာ မည်ကဲ့သို့ စွန့်ပစ်ရမည်ကို စုံစမ်း မေးမြန်း တိုင်ပင်နိုင်သည်။ အိမ်သုတ်ဆေး၊ အင်ဂျင်ဆီ၊ သန့်ရှင်းရေးသုံး ဓာတုပျော်ရည်များ၊ အမိုးနီးယား၊ ရေကူးကန်များတွင် အသုံးပြုသော သန့်စင်ဓာတုဆေးများ စသောပစ္စည်းများ အား မည်သို့သောအခါမျှရေမြောင်း အတွင်းသို့ မစွန့်ပစ်ရ။

၃။ ဆေးဝါးများအား စွန့်ပစ်ခြင်း

ဆေးဝါးများအားဖော်စပ်ရာတွင် အမျိုးမျိုးသော ပစ္စည်းများကို ထည့်သွင်း အသုံးပြုထားသဖြင့် အိမ်သာ အတွင်းသို့ိ့ စွန့်ပစ်မည်ဆိုပါက မြေအောက်ရေတွင်းသို့ရောက်ရှိကာ အန္တရာယ် ဖြစ်စေမည် ဖြစ်ပါသည်။ သင်သည် စွန့်ပစ်ခဲ့ပြီးဖြစ်ပါက အင်တာနက်စာမျက်နှာရှိ “Take Back” အစီအစဉ်တွင်လေ့လာခြင်းဖြင့် မည်ကဲ့သို့ကောင်းမွန်အောင်ဆောင်ရွက်ရမည်ကို သိနိုင်သည်။ ထိုအခါသောက်သုံးရေများ အတွင်းသို့ ပြန်လည်ရောက်ရှိလာခြင်းများ မဖြစ်နိုင်တော့ဘဲ လူနှင့်တိရိစ္ဆာန်တို့အား အန္တရာယ်ဖြစ်စေခြင်းမှ ကင်းဝေးစေ မည် ဖြစ်သည်။

၄။ တစ်ခါသုံးပစ္စည်းများအား စွန့်ပစ်ခြင်း

ဒိုက်ဘာ၊ သန့်ရှင်းရေးတစ်ရှုးအစိုများ၊ ပလပ်စတစ် သွားကြးထိုးတံများသည်များသည် ပြိုကွဲနိုင်သော ပစ္စည်းများ မဟုတ်သည့်အတွက် အိမ်သာများအတွင်းသို့ စွန့်ပစ်ခြင်းမှရှောင်ကျဉ်ရမည် ဖြစ်သည်။ ထိုစွန့်ပစ် ပစ္စည်းများသည် အိမ်သာမှတစ်ဆင့် မြစ်၊ ချောင်း၊ အင်းအိုင်များ အတွင်းသို့ရောက်ရှိ သွားပါက ငါးများနှင့် အခြားသတ္တဝါများအား အန္တရာယ်ဖြစ်စေသည်။ အိမ်သာအတွင်းသို့ စွန့်ပစ်မည့် အစား အခြားနေရာများသို့ ပစ်ရမည်ဖြစ်သည်။ ပိတ်စဖြင့် ပြုလုပ်ထားသော ဒိုက်ဘာ၊ ပြန်လည် အသုံးပြုနိုင်သော တစ်ရှုးများ၊ ဆွေးမြေ့စေနိုင်သော သွားကြားထိုးတံများကို အသုံးပြုခြင်းဖြင့် ပါတ်ဝန်းကျင်ကို မထိခိုက်စေရန် စောင့်ရှောက်နိုင်သည်။ မဆွေးမြေ့နိုင်သော စွန့်ပစ်အမှိုက်များအား ဘယ်သောအခါမျှ ရေစီးမြောင်းများအတွင်းသို့ မစွန့်ပစ်ပါနှင့်။ ရေအရင်းမြစ်များအား အဆိပ်အတောက် ဖြစ်စေသော်လည်း မရှိမဖြစ် အသုံးပြုရသော အိမ်သုတ်ဆေးနှင့် အမိုးနီးယားများအား စွန့်ပစ်မည်ဆိုပါကသေချာ ဂရုစိုက်ရမည် ဖြစ်သည်။ မည်ကဲ့သို့ စွန့်ပစ်ရမည်ကိုသေချာ မသိပါက အစိုးရဌာနရှိ အင်တာနက် စာမျက်နှာများ သန့်ရှင်းရေး ဌာနများသို့ ဆက်သွယ်ကာ မည်ကဲ့သို့ စွန့်ပစ်ရမည်ကို စုံစမ်း မေးမြန်း တိုင်ပင်နိုင်သည်။ အိမ်သုတ်ဆေး၊ အင်ဂျင်ဆီ၊ သန့်ရှင်းရေးသုံး ဓာတုပျော်ရည်များ၊ အမိုးနီးယား၊ ရေကူးကန်များတွင် အသုံးပြုသော သန့်စင်ဓာတုဆေးများ စသောပစ္စည်းများ အား မည်သို့သောအခါမျှရေမြောင်း အတွင်းသို့ မစွန့်ပစ်ရ။

၅။ ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အခင်းများကို ဖယ်ရှားကာမြေကာပင်များ စိုက်ပျိုးခြင်းဖြင့် အစားထိုးပါ

မိမိ အိမ်ပါတ်လည်တွင် ကွန်ကရိများဖြင့် ခင်းထားပါက ဓါတုပျော်ရည်များ ပါဝင်နေသောရေအိုင်များ နှင့် ရေစီးများသည် မြေမျက်နှာပြင်တွင် ဖြေးဖြေး ပြန့်နှံ့နေမည့်အစား မြေအောက်သို့ လျှင်မြန်စွာရောက်ရှိသွား မည်ဖြစ်သည်။ ထိုသို့ ခင်းထားခြင်းဖြင့်ပေါင်းမြက် ရှင်းလင်းခြင်း ကဲ့သို့သော အလုပ်များ သက်သာစေနိုင်သော်လည်း ခြံအတွင်းကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် ပါတ်ဝန်းကျင်ကို ကောင်းမွန် လာစေမည် ဖြစ်သည်

၆။ မိမိကားကိုကောင်းစွာ ပြင်ဆင်ထားပါ

ကားမှ ဆီများနှင့် အခြားသော ဓါတုရည်များ သည်မြေပေါ်သို့ ကျရောက်နေပါက မြေအောက်ရေအတွင်း သို့ စီးဆင်းသွားနိုင်ပါသည်။ သို့ပါ၍ မိမိသုံးနေသော ကားကို ပုံမှန်အခြေအနေတွင်ကောင်းစွာ လည်ပတ်စေ ရန် ထိန်းသိမ်းထားရမည် ဖြစ်သည်။ ဆီယိုစိမ့်မှုများ ဖြစ်ပေါ်ပါက အမြန်ပြင်ဆင်ရမည် ဖြစ်သည်။ ထို့အပြင် စက်သုံးစီများအား စွန့်ပစ်ရာတွင် ရေမြောင်းများသို့ စီးဆင်းစေခြင်းဆေးကြောချခြင်းများ မဆောင်ရွက်သင့်ပါ။

၇။ ရေရှိသောနေရာများတွင် အမှိုက်များ ကင်းစင်စေရန်ဆောင်ရွက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *