စုပေါင်းသွေးလှူဒါန်းပွဲကျင်းပနေသည့် ဟားခါးပြည်သူ့ဆေးရုံကို CDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပစ်ခတ်တိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပနေစဉ် CDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအင်အား ၇ ဦးခန့်က ဆေးရုံ၏မြောက်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဟားခါးမြို ပြည်သူ့ဆေးရုံကြီး၌ ရဲတပ်ဖွဲဝင်များ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့မြောက်ဘက်သို ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *