
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်ရုံသာမက မိမိတိုနိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကိုအသုံးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဈေးကွက်တွင် အရေးပါသည့်ထုတ်လုပ်သူနှင့် တင်ပိုသူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် “ကမ္ဘာ့စပါးကျီ” နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထိုပြင် ဆန်စပါးကဏ္ဍတွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့်အတူ အရည်အသွေး ကောင်းမွန် သည့် ဆန်များထုတ်လုပ်ပြီး ပိုလျှံထွက်ရှိမှုကို နိုင်ငံတကာဈေးကွက်သို တင်ပိုနိုင်ရေး ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
