
အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်မည်
အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နိုင်ငံတကာပူးပေါင်းတို-က်ဖျ-က်ရေးအတွက် အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်များ ပါဝင်မည့် နိုင်ငံတကာကွန်ဖရင့်တစ်ရပ်ကို ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်ရက်ကြာကျင်းပမည့် အဆိုပါကွန်ဖရင့်တွင် အမေရိကန် FBI မှ အဆင့်မြင့်အရာရှိတစ်ဦး၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံအသီးသီးမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများ ပါဝင်တက်ရောက်မည်ဖြစ်သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် ဦးဆောင်ကျင်းပမည့် ဆွေးနွေးပွဲများတွင် ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိသည့် နယ်စပ်ဖြ-တ်ကျော် အွန်လိုင်းလိမ်လည်မှုများကို တို-က်ဖျ-က်ရာ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆွေးနွေးသွားမည်ဖြစ်သည်။
