တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက် မြင့်မားစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းနောင်မြို့ရှိ နမ့်ခုံးရှမ်းများပရဟိတအသင်းရုံးကုသိုလ်ဖြစ်ဆေးခန်း၌ မိုင်းနောင်တပ်နယ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က တိုက်နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ ပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ သက်ကြီးဘိုးဘွား ၁၆၅ ဦးတို့အား သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို မိုင်းနောင်တပ်နယ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နမ့်ခုံးရှမ်းများပရဟိတအသင်းရုံးကုသိုလ်ဖြစ်ဆေးခန်းအတွက် အလှူ ငွေများပေးအပ်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
