အကြမ်းဖက် PDF စခန်းတစ်ခုအား သိမ်းပိုက်ရရှိ (တမူး)

ဇူလိုင်လ ၁၇ ရက်(ယမန်နေ့) နေ့လည်ပိုင်းအချိန်က ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့များသည် တမူးမြို့နယ်၊ ရန်ငြိမ်းအောင်ရွာအနီးရှိ အကြမ်းဖက် PDF စခန်းတစ်ခုအား ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) လက်နက်ငယ် ၄ လက်
(၃) ၆၀ မမ စိန်ပြောင်း ၁ လက်
(၄) ကျည်အိမ်/ကျည်ဆန်/ဗုံးသီးများ
(၅) DJI Drone ၂ စီး
(၆) ကျည်ကာအင်္ကျီ ၆ ထည်
(၇) ကျည်ကာဦးထုပ် ၁၂ လုံး
(၈) အိုင်ကွန် အထိုင်စက် ၂ လုံး
(၉) KNA(B)/PDF ယူနီဖောင်း ၄ စုံ
(၁၀) မီးစက် ၁ လုံး
(၁၁) ဆိုလာ ၁ စုံ
(၁၂) ဘထ္ထရီအိုး ၂ လုံး
(၁၃) ဆိုင်ကယ် ၂ စီး
(၁၄) လူနေတဲများ
(၁၅) ပစ်ကျင်းများအား သိမ်းပိုက်ရရှိခဲ့သည်။

ပြည်သူ့လုံခြုံရေးစနစ်အရ ပြည်သူတွေ သတင်းပေးခြင်းဖြင့် ယခုလို ပူးပေါင်းပါဝင်ပါက အကြမ်းဖက်သမားများ မကြာခင်နိဂုံးချုပ်တော့မည်။ (ပုံများထပ်မံဖော်ပြပါမည်) 👌

Leave a Reply

Your email address will not be published. Required fields are marked *