ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၊ တပ်မတော်ဆေးရုံတွင်တက်ရောက်ကုသနေသူများအား ကြည့်ရှုအားပေး

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံတို့အား  လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) အရာခံ/အကြပ်ကြီးသင်ကျောင်းရှိ သင်တန်းသားစားရိပ်သာသို့ရောက်ရှိပြီး ရိက္ခာ၊ အသား/ငါးနှင့် ဟင်းသီးဟင်းရွက်များအား စတိုခန်းများအတွင်းထားရှိမှုအခြေအနေများ၊ ချက်ပြုတ်နေမှုနှင့် ကျွေးမွေးရန်ပြင်ဆင်ထားရှိမှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီး စားရိပ်သာများအတွင်း ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် ခြင်ယင်များမရှိစေရန် ဆေးဖြန်းခြင်းများဆောင်ရွက်ရန်၊ စတိုအတွင်းရိက္ခာများအား သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျထားရှိရန်၊ ရိပ်သာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်၊ ချက်ပြုတ်ကျွေးမွေးရာတွင် သတ်မှတ်နှုန်းထားများအတိုင်း အာဟာရပြည့်မီစွာဖြင့် ကျွေးမွေးနိုင်ရေး စေတနာထားဆောင်ရွက်ရန်တို့မှာကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် သင်တန်းကျောင်းဝန်းအတွင်း လေ့ကျင့်ရေးပိုင်းဆိုင်ရာဆောင်ရွက်နေမှုများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များနှင့်တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ပြခန်းတွင်း ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

နေ့လယ်ပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) မြဝတီစားရိပ်သာတွင် ခြေလျင်တပ်ရင်းမှူးသင်တန်းမှ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြ ပြီး သင်တန်း သားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် ဗထူး တပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်ရင်းရုံး၌ တပ်ရင်းမှုးက ရည်မှန်းချက် တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စံပြစိုက်ပျိုးမွေးမြူရေး ဇုန်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကို ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များ အား ဆောင်ရွက်ရာတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင် ကြရန်၊ စံပြစိုက်ပျိုးမွေးမြူရေးဇုန် ဖြစ်သည် နှင့်အညီ ဒေသတွင်းစံပြဖြစ်အောင် ဆောင် ရွက်ရန်နှင့် အခြားလိုအပ်သည်များမှာကြား 
သည်။ 

ယင်းနောက်  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် မျိုးစေ့ များ ခင်းကျင်းပြသထားမှုကိုကြည့်ရှုကြ ပြီး တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းရှိ Green House အတွင်း ရာသီသီးနှံ များ စိုက်ပျိုးထားရှိမှု၊ မျိုးစေ့ထုတ်ပိုးခန်း အတွင်း ရုံးပတီ၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ တိုင်ထောင် ပဲ၊ ဗူး၊ မုန့်ညှင်း၊ မုန်လာဥ နှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့် မျိုးစေ့များ ထုတ်ပိုးနေမှုနှင့် သိုလှောင်ခန်း အတွင်း မျိုးစေ့များ သိုလှောင်ထားရှိမှုများ ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည် များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည် များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်း သည် ဇနီး ဒေါ်နန်းကူးကူ ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဗထူးတပ်မြို့ရှိ တပ်မတော် ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူး၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့၊ နယ်မြေခံ ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်များနှင့်မိသားစုဝင်များ၏ တစ်ဦးချင်းရောဂါ ဖြစ်ပွား မှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှုအခြေအနေ များကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် နိုင်တော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန်စက်နှင့် တပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကွန်ပျူတာ ဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို အလွှာလိုက် ဓာတ်မှန်ရိုက်စစ်ဆေးနိုင်သည့် CT Scan စက်အသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ 

အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီး ဒေါ်နန်းကူးကူနှင့်အဖွဲ့ဝင်များသည် အမျိုးသမီးနှင့် ကလေးကုသ ဆောင်သို့သွား ရောက်၍ ဆေးရုံတက်ရောက်ကုသလျက် ရှိသည့် လူနာများအားလိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများပေးအပ်ကြသည်။

ထို့နောက် ဒုတိယတပ်တော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး အရာရှိ/စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံ၍  ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေး စကားပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *