မင်္ဂလာပါ ထိုင်းနှင့်မြန်မာ

နိုင်ငံအချင်းချင်း၊ ချစ်ကြည်ရင်းတွင်

ရင်တွင်းမှာရှိ၊ အသိတရား

စိတ်ထားနူးညံ့၊ စိတ်သန့်သန့်နှင့်

ခန့်ခန့်ထည်ထည် နေကြသည်

မြန်မာနှင့်ထိုင်း လွန်ချစ်ကြည်။

ထေရဝါဒ၊ မြတ်ဗုဒ္ဓ၏

ဓမ္မရတနာ၊ စောင့်ထိန်းရာတွင်

ဘာသာလည်းတူ၊ ချစ်ကြည်ဖြူနှင့်

လူသားပီသစွာ၊ နေကြပါသည်

မြန်မာနှင့်ထိုင်း၊ အသိုင်းဝိုင်းသည်

ရွှေတိုင်းရွှေပြည် စိတ်ထားညီ။

နယ်ချင်းထိစပ်၊ ဘာသာမြတ်နှင့်

တပ်ချင်းလည်းညီ၊ စိတ်လည်းကြည်လျက်

ပြည်သူချင်းချစ်၊ သည်ဘက်ခေတ်မှာ

နှစ်တွေဟောင်းလည်း၊ ချစ်ကြည်ဆဲပါ

အဲဒါ ထိုင်းနှင့် တို့မြန်မာ။

ထိုင်းနှင့်မြန်မာ၊ ချစ်ကြည်စွာနှင့်

စဉ်လာမပျက်၊ ထိန်းသိမ်းလျက်ပါ

အဆက်ဆက်ခေတ်၊ မျိုးဆက်သစ်တိုင်

ခိုင်ခိုင်မြဲမြဲ၊ ရွှေလက်တွဲလျက်

ထူးကဲလှစွာ၊ ချစ်ကြည်စွာမို့

မင်္ဂလာပြည့်ဝ၊ နှလုံးလှ၏။

မြန်မာနှင့်ထိုင်း၊  ထိုင်းနှင့်မြန်မာ

ဘာသာလည်းတူ၊ ယဉ်ကျေးမူနှင့်

ထပ်တူထပ်မျှ၊ သိမ်မွေ့ကြသည့်

ဓလေ့စဉ်လာ၊ မြတ်ရိုးရာနှင့်

“မင်္ဂလာပါ”  “ဆဝါဒီခ” 

ကမ္ဘာတည်သရွေ့…

ချမ်းမြေ့ချစ်ကြည် ရှိနေမည်

တူညီဆန္ဒ ဖြစ်ပေသည်။   ။ 

ဘုန်းမောင်ဝင်း(ဖျာပုံ)

Leave a Reply

Your email address will not be published. Required fields are marked *