အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖူးမြှော်ကြည်ညိုခဲ့သည်။
အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် ယနေ့ (မေ ၃၀ ရက်) ရက် နံနက်ပိုင်းတွင် ဗုဒ္ဓဂါယာယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို ရောက်ရှိချိန်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မဟာဗောဓိစေတီတော်အား ဖူးမြှော်ကြည်ညိုပြီး ရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးနှင့် သင်္ကန်းတိုအား ဆပ်ကပ်လှူဒါန်းခဲ့သည်။
ထိုနောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နားနေဆောင်၌ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓဂါယာယဉ်ကျေးမှုနယ်မြေအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့သည်။
