ပြည်သူတွေ ဘာကြောင့် ဒီလောက်ပျော်နေကြတာလဲ

လွန်ခဲ့တဲ့ ၁ နှစ်လောက်က NUG ရဲ့စေခိုင်းချက်နဲ့ မန္တလေး-မြစ်ကြီးနား မိန်းကားလမ်းမကြီးကို တိုက်ပွဲတွေဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ PDF တွေက လမ်းပိတ်ထားပြီး ရှောင်ကွင်းလမ်းကနေ သွားခိုင်းတယ်။

ရှောင်ကွင်းလမ်းထဲဝင်လာတဲ့ ဆီကားတွေ၊ ကုန်တင်ယာဉ်တွေ၊ ခရီးသည်ယာဉ်တွေကို ဂိတ်အဆင့်ဆင့်(ဝါးတားဂိတ်) ဖွင့်ပြီး ဆက်ကြေးကောက်ကြတယ်။ တောင်းတဲ့ဆက်ကြေးကလည်း မတန်တဆတောင်းတယ်။

ဒါကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် တက်သွားတယ်။ ကုန်စီးဆင်းမှုကြန့်ကြာသွားတယ်။ ပြည်သူတွေ ဒုက္ခရောက် ကြရတယ်။ အခုဆို မိုးတွေရွာနေတော့ ကားတွေ ဗွက်ထဲနစ်ကြရတယ်။

ပြည်သူတွေ အဆင်ပြေနေတာကို မမြင်ချင်တဲ့ NUG ရဲ့ လုပ်ရပ်ကို ချေဖျက်ဖို့နဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေက လမ်းကြောင်းဖွင့်ဖို့ PDF ဂိတ်အဆင့်ဆင့်ကို ချေမှုန်းပြီး လမ်းရှင်းနေပါတယ်။

အခုဆို သပိတ်ကျင်း-ရွှေဘိုလမ်းကြောင်း၊ ရွှေဘို-အင်းတော်လမ်းကြောင်းက ပွင့်သွားပြီး ကုန်စည်တွေလည်း အဆက်မပြတ် စီးဆင်းနေပြီဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေ ဝမ်းသာပျော်ရွှင်နေကြတာပါ။

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *