ဗန်းမော်တိုက်ပွဲသတင်း Update များ

လ(၂၃၆)ကို အောင်မြင်စွာပြန်လည်ထိန်းချုပ်ထားသည့် မင်းခေါင်စစ်ကြောင်းများသည် ရင်းဌနခအနီးဝန်းကျင် ပတ်လည် မီတာ ၅၀၀၀ ခန့် အောင်မြေချဲ့လျက်ရှိသည်။ ဆက်လက် အောင်မြေချဲ့နေဆဲဖြစ်။

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ကိုလည်း အောင်မြင်စွာနယ်မြေရှင်းလင်းပြီးဖြစ်သလို ခွန်သာရပ်ကွက်၊ ကံဦးဘုန်းကြီးကျောင်းနှင့် ရေရှင်ဘုန်းကြီးကျောင်းအနီးဝန်းကျင်များကိုလည်း အောင်မြင်စွာနယ်မြေရှင်းလင်းပြီး အောင်မြေချဲ့လျက်ရှိသည်။

နမ့်ဖားတံတားစခန်းနှင့် နမ့်ဖားဒေသကို နယ်မြေရှင်းပြီး ထိန်းချုပ်ထားသည့် ဖန်းခါးမြေသူရဲကောင်းစစ်ကြောင်းများကလည်း အောင်မြေချဲ့လျက်ရှိရာ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး ရန်သူ့ထံမှ KIA/PDF အလောင်း ၃ လောင်း၊ KA သေနတ် ၂ လက်၊ တရုတ်လက်ပစ်ဗုံး ၈ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။

အောင်မြေချဲ့ရှင်းလင်းနေဆဲဖြစ်သည့်အတွက် သတင်းအသေးစိတ်နှင့် ပုံများအား ထပ်မံဖော်ပြပေးသွားပါမယ်။

တိုက်ပွဲသတင်းစုံ (https://t.me/combatnews7723)

Leave a Reply

Your email address will not be published. Required fields are marked *