တက္ကသိုလ်ဝင်စာမေးပွဲ၌ လူရည်ချွန်ဆုရရှိသူများ အထင်ကရနေရာများအားလေ့လာ

တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ မိသားစု ဝင်မှီခိုသူသားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ၏သားသမီးများ၊ လူရည်ချွန်ဆုရရှိသောကျောင်းသား/ကျောင်းသူများ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ ကျောင်းသူများနှင့် မိဘများ သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့်   ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   ဖူးမြော်ကြည်ညိုကြပြီးဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍တည်ဆောက်ထားသည့်ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။

ထို့နောက်  ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊  သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဖူးမြော်ကြည်ညိုလေ့လာကြသည်။ ထိုမှတစ်ဆင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

နေ့လယ်ပိုင်းတွင်မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင်ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာပေးဆပ်ခဲ့ကြ၍အမွန်မြတ်ဆုံးတုနှိုင်းဖွယ်ရာမရှိသောဂုဏ်ဒြပ်များကိုပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိရာ အထိမ်းအမှတ်ဗိမာန်တစ်ခုဖြစ်သည့် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့သွားရောက်ဂါရဝပြုအလေးပြုကြကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *