မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲဝင်နိုင်ငံဖြစ်တဲ့အပြင် နိုင်ငံတကာဥပဒေတွေကိုလည်း အစဉ်လေးစားလိုက်နာနေတဲ့ နိုင်ငံဖြစ်ပါတယ် ….
နိုင်ငံချစ်စိတ် မျိုးချစ်စိတ်အပြည့်ရှိတဲ့ ပြည်သူရယ် အစိုးရရယ်က လက်တွဲပြီး နိုင်ငံကို အဖျက်အမှောက်လုပ်ရပ်နဲ့ ချောက်နက်နက်ထဲဆွဲချနေတဲ့ လူတစ်စုလက်က လွတ်အောင် ကာကွယ်နေရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ် ….
ဒီလိုအခြေအနေမှာတောင် ပထဝီအနေထား လားလားမျှမသက်ဆိုင်တဲ့ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကို ICJ မှာ ရင်ဆိုင်ဝံ့တယ်ဆိုတဲ့အပေါ်ကိုတော့ လျှော့မတွက်စေချင်ဘူး …
ဂမ်ဘီယာနဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံရယ်က လူတစ်စုကိုအကြောင်းပြပြီး သွေးရဲလို စိန်ခေါ် တဲ့အရာကို ဘွာမခတ်တတ်တဲ့ မြန်မာက တစ်နိုင်ငံတည်းရဲ့ အင်အား၊ သတ္တိနဲ့ နိုင်ငံတကာဥပဒေ လမ်းကြောင်း ပေါ်ကနေ ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တာတွေကို အရင်အကြိမ်တွေက တွေ့ကြ မြင်ခဲ့ကြရသလိုပဲ အခုတစ်ကြိမ်လည်း ထပ်တွေ့ကြရဦးမှာပါ ….
စိန်ခေါ်ရင် ဘွာမခတ်စတမ်း ပဝါမကူ ရေမရှူကြေး
