ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း MPT ဆက်သွယ်ရေးကွန်ယက် သုံးဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သည်။ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖလမ်းမြို့သို့ ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်နှင့် အဖွဲ့သည် ယမန်နေ့က FBC ဖလမ်းနှစ်ခြင်းအသင်းတော်ကျောင်းသို့ သွားရောက်ခဲ့သည်။ဒုတိယဝန်ကြီးသည် မြို့သူမြို့သား အင်အား ၅၀၀ ကျော်နှင့်အတူ တနင်္ဂနွေ စုပေါင်းဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့ပြီး အသင်းတော်ကျောင်း ဘက်စုံသုံးရန်အတွက်…