-အောက်တိုဘာ ၁၁ ရက် ၁၀၃၀ နာရီတွင် ကံမမြို့နယ်၊ အင်ဖက်တောကျေးရွာတွင် နေထိုင်သော ဦးမြင့်ဆွေ(၅၄)နှစ်၊ ဦးစိန်၀င်း (၇၃)နှစ်နှင့် ဦးထွန်းဉာဏ်(၅၂)နှစ်တို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် အင်ဖက်တောကျေးရွာနေ မောင်ကျော်ဇင်ဖြိုးနှင့် ကျီးမီးကျေးရွာနေ မအိအိဖြူတို့အား စေ့စပ်ကြောင်းလမ်းရန်အတွက် သွားရောက်ခဲ့ရာ ကျောက်စောင်းကျေးရွာနှင့် ရွာသာယာကျေးရွာကြားသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ အသင့်စောင့်ဆိုင်းနေပြီး ၎င်းတို့ ၃ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြောင်း သိရှိရ။
-အောက်တိုဘာ ၁၁ ရက် ၁၄၃၀ နာရီတွင် စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာနေ ဦးတိုးတိုး(ခ)ဖိုးတိုး(၅၆)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်မိုးမိုးစိုး(၅၈)နှစ်တို့ ၂ ဦးသည် ၎င်းတို့၏ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့အင်အား ၇ ဦးခန့်သည် ကျေးရွာ၏အရှေ့ဘက် ဧရာဝတီမြစ်အတွင်းမှ စက်လှေဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအား ဖမ်းဆီး၍ ဧရာဝတီမြစ်အတိုင်း မြောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။
