အကြမ်းဖက်သမားများ၏ ဖမ်းဆီးခံရသည့် ဆရာများနှင့် ကလေးများအား ကယ်ဆယ်

မေလ ၂၄ ရက်နေ့က စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာနေ ဆရာမ ဒေါ်ဖြိုးဝေဝေမြင့် အပါအဝင် ကျောင်းဆရာမ ၂ ဦး၊ ပညာရေးကောလိပ် ကျောင်းသား/ကျောင်းသူ ၄ ဦး၊ ကျောင်းသားမိဘ ၂ ဦး၊ အရပ်သူ ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့ဟာ ကျောင်းတက်ရန်အတွက် မကွေးမြို့သို့သွားရောက်ရန် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်မှာ စက်လှေစောင့်နေစဉ် PDF အကြမ်းဖက်သမားများက ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်…

-ဖမ်းဆီးခံရသူများကို ပြန်လည်ကယ်တင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်တဲ့ နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇွန်လ ၈ ရက်နေ့မှာ စေတုတ္တရာမြို့နယ်၊ ပန်းအိကျေးရွာအတွင်း နေရာ ၂ နေရာမှ PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများအနက် ဆရာမ ဒေါ်ဖြိုးဝေဝေမြင့် အထက်တန်းပြ (အထကခွဲ၊ ရေသောင်)၊ ဒေါ်ချိုသဇင်ဦး လ/ထမူပြ (မူလွန်၊တောင်ဟန်ဒေါက်)၊ မခင်မိုးဝေ တတိယနှစ် ပညာရေးကောလိပ်(မကွေး)၊ မနွေးနွေးလှိုင် တတိယနှစ် ပညာရေးကောလိပ်(မကွေး)၊ မခင်စုစုလှိုင် ဒုတိယနှစ် ပညာရေးကောလိပ်(ပခုက္ကူ) စုစုပေါင်း ၅ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှာဖွေကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိတဲ့ပညာရေးကောလိပ် ကျောင်းသား ၁ ဦး၊ ကျောင်းသား မိဘ ၂ ဦး၊ အရပ်သူ ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့ကိုလည်း အမြန်ဆုံး ရှာဖွေကယ်ဆယ်နိုင်ရေး ဆက်လက်ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်.

Leave a Reply

Your email address will not be published. Required fields are marked *