ထိုင်းတွင် တစ်ပတ်အတွင်း Covid ကူးစက်ခံရသူ ၅၃ဝဝဝ ကျော်ရှိလာ

ထိုင်းနိုင်ငံတွင် မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း Covid-19 ရောဂါကူးစက်မှု ၅၃,၅ဝဝ ကျော်ရှိခဲ့ပြီး ဘန်ကောက်မြို့တွင် အများဆုံးတွေ့ရှိရကြောင်း ထိုင်းအခြေစိုက်သတင်းများ၏ ဖော်ပြမှုအရ သိရသည်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၅၃,၅၆၃ ဦးရှိခဲ့သည်ဟု သိရပြီး ဘန်ကောက်တွင် ရောဂါပိုးတွေ့ရှိသူ ၉,၅၃၉ ဦးဖြင့် အများဆုံးဖြစ်ကာ ချွန်ဘူရီတွင် (၃,၃၇၉ ဦး)၊ စမုပရာကန်တွင် (၂,၄၉၁ ဦး)၊ နွန်ထဘူရီတွင် (၂,၂၇၈ ဦး) နှင့် ရယောင်းတွင် (၂,၂၁၀ ဦး) ဦးတို့ ပါဝင်သည်ဟုဆိုသည်။ 

ထိုအထဲမှ ၅ ဦးသေဆုံးကာ ဆေးရုံတက်ရောက်ကုသခံရသူ ၂,၈၂၇ ဦးနှင့် ပြင်ပလူနာ ၅ဝ,၇၃၆ ဦးရှိကြောင်းနှင့် အဆိုပါ Covid-19 ရောဂါပိုးကူးစက်ခံရသူများတွင် အသက် ၃ဝ-၃၉ နှစ်ကြားရှိ လူနာ ၁ဝ,၇၄ဝ ဦးဖြင့် အများဆုံးအုပ်စုဖြစ်ပြီး အသက် ၂ဝ-၂၉ နှစ်ကြား (၉,၅၂၇ ဦး)၊ အသက် ၆ဝနှင့်အထက် (၈,၁၀၇ ဦး) နှင့် အသက်လေးနှစ်အောက် ကလေးငယ် (၄,၁၁၇) ဦးတို့ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းတစ်နိုင်ငံလုံးတွင် ၂ဝ၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ Covid-19 ကူးစက်မှု ၁၈၆,၉၅၅ ဦးရှိခဲ့ပြီး ၄၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

𝙈𝙃𝙏𝙉𝙀𝙒S

Leave a Reply

Your email address will not be published. Required fields are marked *