မေ ၂၇ အင်္ဂါ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ပူတင် ၏ ရဟတ်ယဥ် ထံ ဦးတည်လာ သော ဒရုန်း တစ်စီးအားပစ်ချနိုင်ခဲ့ပြီးနောက် မြို့တော် ကိ့ဖ် အပါအဝင် ယူကရိန်းမြို့ပေါင်း ၃၀ ကျော်ကို တန်ပြန် ဒရုန်းများကြောင့် လူ ၁၃ ဦးသေဆုံးခဲ့ခြင်းနှင့်ပါတ်သက်၍ ရုရှား၏လုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း ထရန့် က ပြောသည် ။

-ဂျပန် တိုကျိုမြို့ ဖြူဖြူကျော်သိန်းဖျော်ဖြေပွဲ မြန်မာ ၇၀၀၀ လာကြည့်ပြီးဒေါ်လာ ၄ သိန်းခန့် ရံပုံငွေရရှိကာ PDF များကိုထောက်ပံ့သွားမည်ဆိုသည်။

-ထိုင်းနိုင်ငံ မဲဆောက် ၌ NLD ပြည်ပြေးများအစည်းအဝေးတွင် NUG/NUCC/CRPH/PDF အားလုံးတို့သည် NLD နှင့် လုံးဝ မသက်ဆိုင်ကြောင်း CEC ဟံသာမြင့် က ပြောခဲ့၍ အငြင်းပွားနေကြသည် ။

-အာဆီယံ ၂ ရက်ကြာအစည်းအဝေး ကွာလာလန်ပူ၌ကျင်းပနေပြီး မြန်မာနိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် တက်ရောက်သည် ။

ပြည်တွင်းထူးခြားသတင်းများ

-ဖားကန့် လုံးခင်း ရဲစခန်း KIA လာတိုက်၍ ပြန်လည်ခုခံခဲ့ရာ ၎င်းတို့အကျအဆုံးများပြီးပြန်ဆုတ်သွားသည် ၊ တချိန်တည်းမှာပင် ဖားကန့်သို့ချီတက်လာသောမိမိစစ်ကြောင်း မြို့အဝင်သို့ရောက်လာသည်။

-ဗုံးဒဏ်ခံ မြေအောက်ဆေးရုံဆောက်ရန် ဒေါ်လာ ၄ သိန်းလို၍ လှူဒါန်းကြပါရန် ဇော်ဝေစိုး က ပြောသည်။

-ချင်းပြည်နယ် တီးတိန် သို့ချီတက်လာသောမိမိစစ်ကြောင်းကို ချင်းသူပုန်တို့ခုခံနေရရာ မညီမညွှတ်ဖြစ်နေ၍ စည်းလုံးကြရန် CNF ဆလိုင်းထက်နီ က တိုက်တွန်းနေသည်။

-မြင်းခြံမြို့နယ် ဆီမီးခုံ ဆိပ်ကမ်းသို့ သေင်္ဘာ ၄ စင်းဖြင့် တပ်အင်အား ထောင်ချီ ရောက်ရှိလာပြီး မြင်းခြံ၊တောင်သာ၊နွားထိုးကြီး၊ဒေသ ရှိ PDF တို့ကို ချေမှုန်းသွားမည်ဖြစ်သည် ။

-ဘီးလင်း – နတ်ကြီး ပေ ၈၀ ကွန်ကရိတံတား KNU မိုင်းခွဲဖျက်ဆီးခဲ့ပြီး မော်လမြိုင် ရထားလမ်း တံတားမိုင်းခွဲထားမှု့ ပြင်ဆင်ခြင်း ပြီးလုပြီဖြစ်သည် ။

-လှည်းကူးမြို့ အောင်ဘုန်းပြည်ကျောင်း ကျောင်းထိုင် ဦးသမ္မာစာရ ( ၄၀ နှစ် )သည် ထိုကျောင်း၏ သိမ်နှင့် ကား အလှူရှင် အသက် ၄၈ နှစ်အရွယ် ဒကာမ အား အဓမ္မပြုကျင့်ရာ လက္မခံ၍ တရားထိုင်နေသော ဒကာမ ၏ မိခင်မှတားမြစ်သည့်ကြားမှ ဒါးဖြင့် ၁၅ ချက်ခုတ်သတ် ကားမောင်းထွက်ပြေးရာ အမြန်လမ်း ၁၅ မိုင်တွင်ဖမ်းမိသည် ၊ ၎င်းအား သာညိုး ပုဒ်မ ၂၉၅ ၊ လူသတ်မှု့ ၊ မုဒိမ်းမှု့ စသည့် ပုဒ်မ ၃ ခုဖြင့် ဖမ်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *