ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးဆုများဖြစ်သည့် တစ်နှစ် တာအကောင်းဆုံးကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုနှင့် တစ်နှစ်တာအကောင်း ဆုံးလူငယ်ကစားသမားဆုတို့အတွက်ဆန်ခါတင် စာရင်းများကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရသည့် အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့မှ ကစား သမားငါးဦးအထိပါဝင်လာကာ အာဆင်နယ်အသင်းမှ ဒီကလန်ရိုဒ်၊ ဂါဘရီရယ်၊ ဂိုးသမား ရိုင်ယာ၊…