ရုရှားနိုင်ငံ၌ကျင်းပနေသည့် လွှတ်တော်ရွေးကောက်ပွဲတွင် လက်ရှိအချိန်အထိမဲရေတွက်မှုများ အရ အာဏာရပါတီဖြစ်သည့် United Russia ပါတီက မဲအများစုကိုရရှိထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ကနဦးစာရင်းများအရသိရသည်။ စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအထိရရှိထားသည့်စာရင်းများအရ မဲဆန္ဒနယ် ၉၀ ရာခိုင်နှုန်း တွင် United Russia ပါတီက မဲအရေအတွက် ၅၈ ရာခိုင်နှုန်းရရှိထားခြင်းဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲအတွက် မဲပေးမှုများကို စက်တင်ဘာလ ၁၈ ရက်တွင်စတင်ခြင်းဖြစ်ပြီး…