၎င်း သေဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည် ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ သေဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း…