မင်္ဂလာနံနက်ခင်းပါရှင်

မင်္ဂလာနံနက်ခင်းပါ ၁။ လုံးစုံများစွာ ၊ သတ္တဝါ ၊ချမ်းသာကိုယ်စိတ် မြဲပါစေ ။ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ငြိမ်းအေးကြပါစေ။ ၂။ ကြောက်တတ် မကြောက်တတ် ၊နှစ်ရပ်များစွာ […]

ရာမညမြေသို့ သီတဂူဆရာတော်ဘုရားကြီး ကြွရောက်

ျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ သည် ရာမညမြေသို ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် မော်လမြိုင်မြိုသို  […]

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀)သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ် အတွင်းရှိ  နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့်ပြည်နယ်အဆင့် […]

ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်

ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ […]

အခြေခံပညာကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ ဆေးရုံများနှင့် ဘိုးဘွားရိပ်သာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်များ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ၌  ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ် မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာဒုံမြို့နယ် အပါအဝင် မြို့နယ် ၁၃ မြို့နယ်တို့၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ဒေသခံပြည်သူများကအခြေခံပညာကျောင်းများအတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ   ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊   ရေစီးရေလာ ကောင်းမွန်စေရေး  ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ် ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး  လက်ကမ်စာစောင်များဖြန့်ဝေပေးခြင်းများကို စုပေါင်း ဆောင်ရွက်ကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လှည်းကူးမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊   ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ထန်းတပင်မြို့နယ်တို့ရှိ ဘုရားစေတီပုထိုးများ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဘာသာရေးကျောင်းများနှင့်   လမ်းမကြီးတို့၌   နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်( ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည် သူများပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။ ယင်းသို့    ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး    လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်မြို့အတွင်း အခြေအနေများအားကြည့်ရှု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှု  အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် သမိုင်းချောင်းအပါအဝင် […]

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ […]