မြိုင်မြိုနယ်ရှိ PDF ကွပ်ကဲရေးရုံးအား ဒရုန်းဖြင့် Drop Bomb ချတိုက်ခိုက်

နိုဝင်ဘာ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြိုနယ်၊ တဲကြီးကျေးရွာအနီးရှိ PDF အကြမ်းဖက်ကွပ်ကဲရေးရုံး၌ အစည်းအဝေးပြုလုပ်နေသည့် PDF သောင်းကျန်းသူများကို တပ်မတော်က ဒရုန်းဖြင့် ကင်းထောက်ရှာဖွေတွေ့ရှိခဲ့ပြီး Drop Bomb များဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အစည်းအဝေးပြုလုပ်နေသည့် PDF အဖွဲဝင်များ အစုလိုက်အပြုံလိုက် ထိခိုက်မှုများရခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *