ကာဗွန်အော့ဖ်ဆက်နဲ့ ကာဗွန်ခရက်ဒစ် ဆိုတာ

🌍 ကာဗွန်အော့ဖ်ဆက်နဲ့ ကာဗွန်ခရက်ဒစ် ဆိုတာ သိလိုသူများအတွက်

နှစ်ခုလုံးက ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး နည်းလမ်းတွေပါ။

🟢 ကာဗွန်အော့ဖ်ဆက် (Carbon Offsets)

ကာဗွန်အော့ဖ်ဆက်ဆိုတာ CO₂ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို လေထုထဲကနေ လျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်း ကို ကိုယ်စားပြုပါတယ်။

လူတစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီတွေက ကိုယ်ဆန္ဒအလျောက် သုံးပါတယ်။

ဥပမာ – သစ်တောပြုန်းတီးမှုလျှော့ချရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေကို ရန်ပုံငွေထောက်ပံ့ခြင်းအားဖြင့် ကိုယ်ထုတ်တဲ့ ကာဗွန်ကို ပြန်လျော်ငွေပေးတဲ့သဘောပါ။

ရည်ရွယ်ချက် – ကိုယ်ပိုင် ကာဗွန်ခြေရာကို လျှော့ချဖို့ ဖြစ်ပါတယ်။ကိုယ်ထုတ်တဲ့ CO₂ ကို သစ်တောစိုက်၊ လေအားသုံး စီမံကိန်းတွေ ထောက်ပံ့ပြီး ပြန်လျော်ခြင်း (လူတစ်ဦးချင်း၊ ကုမ္ပဏီတွေ စေတနာအလျောက် သုံးစွဲသည်)။

🔵 ကာဗွန်ခရက်ဒစ် – ကာဗွန်ခရက်ဒစ် (Carbon Credits)

ကာဗွန်ခရက်ဒစ်ဆိုတာ အဖွဲ့အစည်းတစ်ခုက သူတို့ရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျော်ကြေးပေးဖို့ ဝယ်ယူနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။

ကုမ္ပဏီတွေနဲ့ အစိုးရတွေသာ ရောင်းဝယ်ခွင့်ရှိတယ်။

ခရက်ဒစ် ၁ ခုက CO₂ ၁ တန် ထုတ်လွှတ်ခွင့်ရှိတယ်လို့ ဆိုလိုပါတယ်။

အသုံးပြုပုံ – Cap-and-Trade (ခွင့်ပြုပမာဏသတ်မှတ်၍ ရောင်းဝယ်ခြင်း) စနစ်မှာ သုံးပါတယ်။ အစိုးရတွေနဲ့ ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ ထုတ်လွှတ်ခွင့် ကန့်သတ်ချက်အတွင်း နေဖို့ ခရက်ဒစ်တွေ အချင်းချင်း ရောင်းဝယ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *