ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ

ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ

 ရေနဲ့ဓာတ်ဆားဓာတ် လုံလုံလောက်လောက် ပြည့်ဝနေတဲ့အခါ

  • လူက လန်းလန်းဆန်းဆန်းနဲ့ ခေါင်းလည်း ကြည်ပါတယ်။
  • ဆီးအရောင်က အကြည် ဒါမှမဟုတ် ဝါဖန့်ဖန့်အရောင်ပဲ ဖြစ်ပါတယ်။
  • ရေဆာတာကိုလည်း မခံစားရပါဘူး။
  • ဗိုက်လည်းခဏခဏ မဆာပါဘူး။
  • လေ့ကျင့်ခန်း လုပ်တဲ့သူတွေဆိုရင်လည်း recovery ရတာ မြန်ပါတယ်။

 ဒါတွေကတော့ ရေနဲ့ ဓာတ်ဆားဓာတ်ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ ပဲ ဖြစ်ပါတယ်။

ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေဖို့ ဘာတွေ သောက်သင့်လဲ

 ရေဓာတ်ပြည့်ဝနေဖို့ အကောင်းဆုံး သောက်စရာကတော့ ရေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေပဲ သောက်ရတာ ငြီးငွေ့လာတဲ့အခါ၊ ဓာတ်ဆားဓာတ်တွေကိုပါ ဖြည့်တင်းချင်တဲ့အခါ ရေအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တခြားသောက်စရာတွေကိုလည်း သောက်ပေးလို့ ရပါတယ်။ ဥပမာ

ရေထဲကို သံပုရာသီးစိတ်၊ ပူဒီနံ စတာတွေ ထည့်ပြီး အနံ့နဲ့ အရသာ ကောင်းမွန်အောင် ပြုပြင်ထားတာကလည်း ရေသောက်ချင်စိတ်ကို တိုးစေပါတယ်။ မကြာခဏ သောက်ဖြစ်လို့ ရေဓာတ်ပြည့်ဝစေပါတယ်။

သာမန်ထက် ကိုယ်လက်လှုပ်ရှားမှုပိုမိုများပြားတဲ့ရက်တွေ၊ ကိုယ်လက်လေ့ကျင့်ခန်းကို အချိန်ကြာကြာလုပ်ထားတဲ့ရက်တွေဆိုရင်တော့ ရိုးရိုးရေထက် ဓာတ်ဆားဖြည့်ထားတဲ့ ဓာတ်ဆားအားဖြည့်အချိုရည်တွေက ပိုပြီး သင့်တော်ပါတယ်။ ရေအပြင် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်ကိုပါ ဖြည့်ပေးတာကြောင့် recoveryပိုမြန်စေပါတယ်။ 

 ရေနဲ့ ဓာတ်ဆားဓာတ်က ခန္ဓာကိုယ်အတွက် အရေးကြီးတာကြောင့် မမေ့မလျော့ သောက်ဖို့ လိုပါတယ်။ တစ်နေ့တာ ရေလိုအပ်ချက်ကို ပြည့်မီအောင် သောက်ပါ။ ရေဆာတိုင်း သောက်ပါ။ ရေအပြင် ဓာတ်ဆားကြွယ်ဝတဲ့ သောက်စရာတွေကို သောက်ပြီး ရေနဲ့ ဓာတ်ဆားဓာတ်လုံလောက်အောင် ဖြည့်ကြပါလို့ အကြံပြုချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *