အီဘိုလာဗိုင်းရပ်ကူးစက်ပြန့်ပွားမှုတွင် သေဆုံးသူ ၁၀၀၀ ကျော်လွန်လာ

အာဖရိကဒေသ၌ လက်ရှိဖြစ်ပွားလျက်ရှိသော အီဘိုလာဗိုင်းရပ်ကူးစက်ပြန့်ပွားမှုအတွင်း သေဆုံးသူ အရေအတွက်သည် ၁၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတို့မှ ကျန်းမာရေးတာဝန်ရှိသူများ၏ထုတ်ပြန်ချက်များအရ သိရသည်။

ကွန်ဂိုနိုင်ငံ၌ ဇူလိုင်လ ၂၀ ရက်အထိ အီဘိုလာအတည်ပြုလူနာ ၂၄၇၃ ဦးရှိပြီး သေဆုံးသူ ၉၉၉ ဦး အထိရှိလာကြောင်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ အလားတူ ယူဂန်ဒါနိုင်ငံတွင်လည်း အတည်ပြုလူနာအယောက် ၂၀ အနက် နှစ်ဦးသေဆုံးသဖြင့် နှစ်နိုင်ငံပေါင်း သေဆုံးသူ ၁၀၀၁ ဦးအထိ ရှိလာ ခြင်းဖြစ်သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်က ယခုအကြိမ် အီဘိုလာကူးစက်မှုသည် စံချိန်တင်အဆိုးရွားဆုံး အီဘိုလာဖြစ်စဉ်များအနက်  တတိယမြောက်အကြီးမားဆုံးဖြစ်လာပြီး လွန်ခဲ့သည့် တစ်လအတွင်း ရောဂါပြန့်ပွားမှုနှုန်းမှာ ယခင်ဖြစ်စဉ်များထက် ပိုမိုမြန်ဆန်လာကြောင်း ပြောထားသည်။

အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ ညွှန်ကြားရေးမှူးချုပ်ကလည်း ရောဂါကူးစက် မှုကို အလျင်အမြန် မထိန်းချုပ်နိုင်ပါက ပိုမိုဆိုးရွားသည့်အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေး ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *