မွန်-ကရင်နယ်မြေအစပ်ရှိ KNLA တပ်မဟာ (၁)၊ တပ်ရင်း (၁)၊ ခွဲ (၁) မှ ခွဲမှူးအဆင့်ရှိသူ ရဲမင်းပိုင် (ခ) ရဲလင်းပိုင် (ခ) ပုလိဦးစီး အပါအဝင် KNLA အဖွဲဝင် ၅ ဦးသည် လက်နက် ၅ လက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများယူဆောင်ကာ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် တပ်မတော်ထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့သည်။
အလင်းဝင်ရောက်လာသူ ခွဲမှူး ရဲမင်းပိုင်၏ ပြောကြားချက်အရ KNLA တပ်မဟာ (၁) အတွင်း ခေါင်းဆောင်ပိုင်း၏ မတရားခိုင်းစေမှုများနှင့် စစ်ဆင်ရေးများတွင် အသက်စွန့်တိုက်ခိုက်စေမှုများကြောင့် အောက်ခြေတပ်ဖွဲဝင်များအကြား စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုပြင် စစ်ဆင်ရေးနယ်မြေအတွင်း ဒရုန်းဖြင့် ကင်းထောက်ခြင်းနှင့် ဗျူဟာမြောက် တိုက်ခိုက်မှုများကြောင့်လည်း အဖွဲအစည်းအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရဲမင်းပိုင်က KNLA တပ်မဟာ (၁) မှ တပ်မတော်ဘက်သို လက်နက်ချအလင်းဝင်ရောက်ခြင်းသည် အနာဂတ်အတွက် အကောင်းဆုံးလုပ်ရပ်ဖြစ်ကြောင်း ပြောဆိုထားသည်



