🔴ICJ ဆုံးဖြတ်ချက်နောက်ကွယ်က အမှန်တရားနဲ့ ပြောင်းလဲလာတဲ့ အမေရိကန်မီဒီယာကြီးတွေရဲ့ အမြင်🔴

မြန်မာနိုင်ငံအပေါ် ICJ က ဆုံးဖြတ်ချက်ချလိုက်ပေမယ့် နိုင်ငံတကာမှာတော့ ဒီဆုံးဖြတ်ချက်ကို ဝေဖန်သံတွေ ညံနေပါတယ်။ နိုဝင်ဘာ ၂၀ ရက်က The Free Press မှာ အမေရိကန်တရားသူကြီး Roy K. Altman က ICJ ဟာ ဂါဇာစစ်ပွဲမှာ အစ္စရေးကို အပြစ်တင်နိုင်ဖိုအတွက် မြန်မာအမှုမှာ ဥပဒေစံနှုန်းတွေကို လျှော့ချပြင်ဆင်လိုက်တာလို ထောက်ပြခဲ့ပါတယ်။ ICJ တရားသူကြီး ၁၅ ဦးထဲက ၆ ဦးကိုယ်တိုင်က သက်သေမခိုင်လုံဘူးလို ကန့်ကွက်ခဲ့ကြပြီး၊ ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံကလည်း နိုင်ငံတကာတရားရုံးတွေ အာဏာအလွဲသုံးစားမလုပ်ဖို ပူးတွဲသတိပေးခဲ့ကြပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ ဦးသန်းရွှေလက်ထက်ကတည်းက နှစ်ပေါင်းများစွာ မြန်မာအစိုးရကို အမြဲဆန့်ကျင်ဝေဖန်ခဲ့တဲ့ The Washington Post သတင်းစာကြီးကလည်း လုံးဝလေသံပြောင်းသွားပါပြီ။ The Free Press နဲ့ The Washington Post တိုမှာ အခုလို မြန်မာနိုင်ငံအတွက် အားသာချက်ဖြစ်စေတဲ့ ဖော်ပြချက်တွေ ဆက်တိုက်ထွက်ပေါ်လာတာဟာ အမေရိကန်ရှိ မြန်မာအစိုးရရဲ့ လော်ဘီအဖွဲ DCI Group ရဲ့ ထိရောက်တဲ့ လော်ဘီလုပ်ဆောင်မှုကြောင့် ဖြစ်ပါတယ်။  

The Washington Post အယ်ဒီတာအဖွဲက ပြီးခဲ့တဲ့ ၅ နှစ်လုံး မြန်မာကို ဖယ်ကြဉ်ပိတ်ဆိုထားတာ ဘာရလဒ်မှမထွက်ဘဲ တရုတ်ဩဇာပဲ ပိုကြီးသွားစေတယ်လို ဝန်ခံလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့မြေရှားသတ္တု ၄၅ ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးနေပြီး အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေးမှာလည်း အရေးပါတဲ့အတွက် သမ္မတ Trump အစိုးရက မြန်မာနဲ့ တိုက်ရိုက်ဆွေးနွေးနေတာ မှန်ကန်တယ်လို ထောက်ခံရေးသားလာပါတယ်။  

တစ်ဖက်သတ် ဖိအားပေးပိတ်ဆိုတာတွေဟာ ခေတ်မမီတော့ပါဘူး။ ဆယ်စုနှစ်ချီ ဆန့်ကျင်ခဲ့တဲ့ အမေရိကန်မီဒီယာကြီးတွေကိုယ်တိုင် အပြုသဘောဆောင်တဲ့ အမြင်ဘက်ကို ပြောင်းလဲလာချိန်မှာ၊ လက်တွေ့ကျတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန် အကျိုးစီးပွားကသာ အဓိကဖြစ်လာနေပြီဆိုတာ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *