မြန်မာနိုင်ငံတွင် 5G စနစ်များ မကြာမီ စတင်အသုံးပြုနိုင်မည်

မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို တွေ့ဆုံစဉ် ယင်းသို ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကေဘယ်ကြိုးများကို အဆင့်လိုက် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းများတွင် သက်ဆိုင်ရာအော်ပရေတာနှင့် ကုမ္ပဏီများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *