မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ကျန်စစ်သားခန်းမ၌ ပြုလုပ်ရာ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်း သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ချုပ်မှု တာဝန်ခံ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်မြင်မှုနှင့်ယခုနှစ်အောင်ချက်မြင့်မားရေးဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းမှူးကကျောင်းဖွံ့ဖြိုးတိုး တက်ရေးရန်ပုံ ငွေပေးအပ်ရာ ကျောင်းအုပ်ချုပ်မှု တာဝန်ခံမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ထို့နောက် တက္ကသိုလ်ဝင်တန်းသင် ဆရာ၊ ဆရာမများနှင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၄) ဘာသာဂုဏ်ထူး ရှင် ၂ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ စုစုပေါင်း ၂၆ ဦးနှင့်ကျောင်းတွင် ထူးချွန်ဆုရရှိသူ ၃၂ ဦးတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများကဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
