ICJ ၏ စီရင်ချက် အပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်းဒေသကြီး) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခြင်း

မန္တလေး ၊နိုဝင်ဘာ ၂၅

၁။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ရှိခဲ့သည်ဟုဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားသည့်အမှုကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ (genocide) လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်သည်ဟု (ICJ) တရားရုံးက တစ်ဖက်သတ် ဆုံးဖြတ်ချက် အမိန့်ချမှတ်ခဲ့ပါသည်။

၂။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ခြင်း မရှိဘဲ ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သည့် ဒေသခံတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သည့် အကြမ်းဖက်အဖွဲ ဖြစ်သည့် ARSA အကြမ်းဖက်အများအား တုံပြန်ခဲ့သည့် စစ်ဆင်ရေးတစ်ခုသာဖြစ်သည်။ အကြမ်းဖက်အဖွဲဖြစ်သည့် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် မြိုရွာအိုးအိမ်များပျက်စီးခဲ့ရပါသည်။ ဒေသတွင်းနေထိုင်သူများနှင့် ဘင်္ဂါလီများနေရပ် စွန့်ခွာထွက်ပြေးခဲ့ရသည့်ဖြစ်စဉ်များကို မှတ်တမ်းမှတ်ရာများဖြင့် တိကျစွာ လျှောက်လဲတင်ပြခဲ့ပြီး ဖြစ်ပါသည်။

၃။ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် မတရားစွပ်စွဲခံရခြင်းသာ ဖြစ်ပါသည်။ အပြီးသတ် အမိန့်မချမှတ်ခင် ကြားဖြတ်အမိန့်များ ချမှတ်စဉ်ကတည်းက ညွှန်ကြားချက်များကို တိကျစွာ နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သည်။ ယခုကိစ္စနှင့် ပတ်သက်၍ အပြီးသတ်အမိန့်ချမှတ်ခဲ့ရာတွင် တရားသူကြီး (၁၅) ယောက်တွင် တရားသူကြီး (၉) ယောက်က သဘောတူညီခဲ့ပြီး တရားသူကြီး (၆) ယောက်က သဘောမတူဘဲ ကန့်ကွက်ခဲ့သည်။ တရားသူကြီးအားလုံးက ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ကြောင်း သိရှိရပါသည်။ (ICJ) တရားရုံး၏ ဆုံးဖြတ်ချက်သည် တရားမျှတမှု လုံးဝမရှိကြောင်း ထင်ရှားပေါ်လွင်ပါသည်။

၄။ သိုဖြစ်ပါ၍ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားအတွက် ပြည်တွင်းရေးကိစ္စကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းသွားမည်ဖြစ်ပြီး အပြီးသတ်အမိန့် ချမှတ်ခဲ့သည့် အမှုသည် တရားမျှတမှုလုံးဝ (လုံးဝ) မရှိပါသဖြင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်းဒေသကြီး) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်လိုက်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်းဒေသကြီး)

Leave a Reply

Your email address will not be published. Required fields are marked *