မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှကြီးမှူး၍ FX Market Online Trading Platform တွင် နိုင်ငံတော်၏ အရေးကြီးကုန်စည်များဖြစ်သော စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များအတွက် လိုအပ်သော နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်တင်သွင်းသူ(Importer)များသို့ ရောင်းချပေးလျက်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ FX Market Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့်
၁။ အမေရိကန်ဒေါ်လာ(၂,၁၆၉.၈) သန်း၊
၂။ တရုတ်ယွမ် (၁,၈၉၂.၄) သန်း၊
၃။ ထိုင်းဘတ် (၆,၅၇၆.၂) သန်း၊
၄။ အိန္ဒိယရူပီး (၇၄.၅) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး
နိုဝင်ဘာလအတွင်း
၁။ အမေရိကန်ဒေါ်လာ (၂၅၅.၄) သန်း၊
၂။ တရုတ်ယွမ် (၈၉.၉) သန်း၊
၃။ ထိုင်းဘတ် (၇၆၂.၆) သန်း၊
၄။ အိန္ဒိယရူပီး (၁၃.၃) သန်းခန့်တို့အားရောင်းချပေးခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ် မြေဩဇာနှင့်အခြားကုန်စည်များ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ(၁,၇၀၂.၄)သန်းခန့်အား ရောင်းချပေးခဲ့ပြီး
နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၁၃၀.၈)သန်းခန့်ကို Market Trading Rate (ကျပ် ၃၆၆၀) ဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
