နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်မြိုရှိ နေရာ ၄ ခုမှာ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်နေကြောင်းသတင်းရရှိသည့်အတွက်သွားရောက်ဖမ်းဆီးခဲ့ရာ-
ကျောက်တံတားမြိုနယ်၊ ဆူးလေကုန်းကျော်လူကူးတံတားအနီးမှာ ရာဂျား (ခ) အောင်ချိုထွန်းထံမှ အမေရိကန်ဒေါ်လာ ၃,၅၅၀၊ တရုတ်ယွမ် ၅,၆၀၀၊ မလေးရှားရင်းဂစ် ၅,၂၀၀ နဲ့ မြန်မာကျပ်ငွေ ၁၀,၂၀၀,၀၀၀ ကိုလည်းကောင်း၊
ပန်းဘဲတန်းမြိုနယ်၊ အနော်ရထာလမ်းမပေါ်မှာ မိုဟာမတ်ယူနုစ် (ခ) မောင်မောင်လွင်ထံမှ အမေရိကန်ဒေါ်လာ ၁၅,၅၀၀ နဲ့ မြန်မာကျပ်ငွေ ၈၅၀,၀၀၀ ကိုလည်းကောင်း၊
မရမ်းကုန်းမြိုနယ်၊ ၉ မိုင်၊ ဦးမောင်မောင်စိုးလမ်းရှိ နေအိမ်တစ်ခုမှာ ကျော်စွာနဲ့ မနှင်းပွင့်တိုထံမှ အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀၊ ထိုင်းဘတ် ၅၅၀,၀၀၀၊ တရုတ်ယွမ် ၃၇၀,၀၀၀ နဲ့ မြန်မာကျပ်ငွေ ၆၃,၀၀၀,၀၀၀ ကို လည်းကောင်း၊
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာတော့ ဦးထွန်းလင်း (ခ) လင်းလင်းထံမှ အမေရိကန်ဒေါ်လာ ၃,၈၀၀၊ ထိုင်းဘတ် ၃၃,၀၀၀၊ တရုတ်ယွမ် ၁၅,၀၀၀ နဲ့ မြန်မာကျပ်ငွေ ၅,၅၀၀,၀၀၀ ကိုလည်းကောင်း အသီးသီး ဖမ်းဆီရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်လက်စစ်ဆေးနေတယ်လို သိရပါတယ်။




